Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်၌ ဧပြီအတွင်း တိုက်ပွဲများတွင် တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀သေဟု KNU တပ်မဟာ(၅)ထုတ်ပြန်

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဆိုသည်။

(ပြီးခဲ့သည့် ဧပြီ ၄ရက်က စစ်​​ကောင်စီနှင့် BGF ပူး​ပေါင်းစစ်​ကြောင်းအား KNLA နှင့် တပ်မဟာ(၅)တို့ ပူး​ပေါင်းတိုက်ခိုက်​နေစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်၌ ဧပြီအတွင်းက တိုက်ပွဲပေါင်း ၃၈၃ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၇၃ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့အကြား ဧပြီလအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ယမန်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ထောက်ပို့မြင်းလား ၄ကောင်ကို သုတ်သင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် ထောက်ပို့အတွက် သုးသည့် တံတား ၃စီး ၊ မော်တော်ယာဉ် ၄စီးနှင့် လက်နက်သိုလှောင်ရုံ ဂိုဒေါင် ၂လုံးအား ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားတပ်မတော်(KNLA)ဘက်မှလည်း စစ်သည် သုံးဦး ကျဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများနှင့် လယ်ယာ၊ဥယျာဉ်ခြံမြေများ အတွင်းသို့ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ဆက်လက် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သော်လည်း အရေအတွက် အတိအကျ ကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။