Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်ခရိုင်၌ ဧပြီအတွင်း တိုက်ပွဲများတွင် တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀သေဟု KNU တပ်မဟာ(၅)ထုတ်ပြန်

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဆိုသည်။

(ပြီးခဲ့သည့် ဧပြီ ၄ရက်က စစ်​​ကောင်စီနှင့် BGF ပူး​ပေါင်းစစ်​ကြောင်းအား KNLA နှင့် တပ်မဟာ(၅)တို့ ပူး​ပေါင်းတိုက်ခိုက်​နေစဥ်)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်၌ ဧပြီအတွင်းက တိုက်ပွဲပေါင်း ၃၈၃ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၇၃ဦး သေဆုံးပြီး ၈၇ ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် စစ်ကောင်စီတပ်၊ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) တို့အကြား ဧပြီလအတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို ယမန်နေ့တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူးတစ်ဦး၊ ဒုတပ်ရင်းမှူး တစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦးနှင့် တပ်ကြပ်တစ်ဦး ပါဝင်ကြောင်း အတည်ပြုသိရှိရသည်ဟု ဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ ထောက်ပို့မြင်းလား ၄ကောင်ကို သုတ်သင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ် ထောက်ပို့အတွက် သုးသည့် တံတား ၃စီး ၊ မော်တော်ယာဉ် ၄စီးနှင့် လက်နက်သိုလှောင်ရုံ ဂိုဒေါင် ၂လုံးအား ဖျက်ဆီးနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကရင်အမျိုးသားတပ်မတော်(KNLA)ဘက်မှလည်း စစ်သည် သုံးဦး ကျဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများနှင့် လယ်ယာ၊ဥယျာဉ်ခြံမြေများ အတွင်းသို့ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ဆက်လက် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ထိုသို့ တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သော်လည်း အရေအတွက် အတိအကျ ကို ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။