Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လမ်းမလျှောက်နိုင်တော့လို့ ဘီးတပ်ကုလားထိုင် အသုံးပြုနေရတဲ့ ပုပ်ရဟန်းမင်းကြီး

ရောမမြို့မှာ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကတော့ ပုပ်ရဟန်းမင်းကြီးကို ဘီးတပ်ကုလားထိုင်ပေါ်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ညာဖက်ဒူးက အရွတ်တွေမှာ နာကျင်တာကို လပေါင်းအတော်ကြာ ခံစားနေခဲ့ရကြောင်း ဗာတီကန်နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ဒူးပြဿနာကြောင့် ဘီးတပ် ကုလားထိုင် အသုံးပြုပြီး သွားလာနေရကြောင်း သိရပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ မေလ ၅ ရက်က ဘာသာရေး ခေါင်းဆောင်တွေ၊ သီလရှင်ကြီးတွေနဲ့ အစည်းအဝေးတစ်ခု ပြုလုပ်ရာမှာ ဘီးတပ် ကုလားထိုင်ပေါ် လိုက်ပါလာတာ ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရပါတယ်။ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဟာ ဒူးခေါင်း နာကျင်မှုကြောင့် လှုပ်ရှား သွားလာရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရောမမြို့မှာ တက်ရောက်ခဲ့တဲ့ အစည်းအဝေးကတော့ ပုပ်ရဟန်းမင်းကြီးကို ဘီးတပ်ကုလားထိုင်ပေါ်မှာ ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။ အသက် ၈၅ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ ညာဖက်ဒူးက အရွတ်တွေမှာ နာကျင်တာကို လပေါင်းအတော်ကြာ ခံစားနေခဲ့ရကြောင်း ဗာတီကန်နန်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ကိုယ်တိုင်ကလည်း နာကျင်မှု သက်သာအောင် အကိုက်အခဲ ပျောက်ဆေးတွေပါ ထိုးနေရကြောင်း ထုတ်ပြောဖူးပါတယ်။ ဒါပေမဲ့ အခြေအနေက တိုးတက်မလာဘဲ လမ်းတောင် မလျှောက်နိုင်အောင် ဖြစ်လာလို့ ဘီးတပ် ကုလားထိုင် အသုံးပြုလာရတာပါ။

Public Service Announcement

Public Service Announcement

အာဂျင်တီးနား နိုင်ငံသား ဘုန်းတော်ကြီး ဖရန်ဆစ်ဟာ ၂၀၁၃ နှစ်ဆန်းပိုင်းလောက်က စပြီး ပုပ်ရဟန်းမင်း အရိုက်အရာကို ဆက်ခံခဲ့ပါတယ်။ သူဟာ ၂၀၁၇၊ နှစ်ကုန်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး နိုင်ငံသမိုင်းတလျှောက် ပထမဆုံး ကြွရောက်တဲ့ ပုပ်ရဟန်းမင်းအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုယ့်သဘောနဲ့ကိုယ် ရွေးချယ်ထားတဲ့ စစ်ပွဲတွေမှာ ဘုရားသခင်ရဲ့ နာမတော်ကို အသုံးချနေတာဟာ မလျော်ကန်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ဝေဖန်ခဲ့ပါတယ်။ ဘုရားသခင်ဟာ ဘယ်လို စစ်ရေး ပဋိပက္ခကိုမှ ကောင်းချီးမပေးဘူးလို့ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးက လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကို ဗဟိုပြုပြီး အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကို အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။