News KNUနယ်မြေ၌ ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၃၀၀ခန့်ဖြစ်ပြီး စစ်ကောင်စီတပ်မှ ၃၀၅ဦးသေဟု ထုတ်ပြန် အဆိုပါ တိုက်ပွဲများအတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့မှလည်း ၆ဦး ကျဆုံးခဲ့ပြီး ၂၃ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ LuduNwayOoမတ် 6, 2022
News စစ်ဆင်ရေးတွင် လမ်းပြပေးပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ပေးနေသည့် KNGနှင့် ပျူများကို အရေးယူမည်ဟု KNDF သတိပေး KNGသည် ကယန်းပြည်သစ်ပါတီမှ ခွဲထွက်ပြီး ၁၉၉၂ တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း Karenni’s Voiceက ဖော်ပြထားသည်။ LuduNwayOoမတ် 6, 2022
News ဒီးမော့ဆိုတွင် နေရာနှစ်ခု၌ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ၃၅ဦးထက်မနည်းသေဟု PDF ပြော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာခဲ့သောကြောင့် ညပိုင်း၌ အပြစ်မဲ့ပြည်သူများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဒီးမော့ဆို PDFက ထုတ်ပြန်သည်။ LuduNwayOoမတ် 6, 2022
News လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်ရုံး အဝေးထိန်းဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ၊ ရပ်ကျေးအဖွဲ့ဝင်များ ထိခိုက်မှုရှိဟုဆို အဆိုပါစစ်ဆင်ရေးကို မဟာမိတ်အဖွဲ့များဖြစ်သည့် Spring Revolution Flames -SRF ၊ Black Eagle ၊ Burma Dragon Army -BDA တို့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း G.O.D က ဆိုသည်။ LuduNwayOoမတ် 6, 2022
News နွေဦးတော်လှန်ရေးတွင်မုံရွာ၌ ပထမဆုံးကျဆုံးခဲ့သူများအုတ်ဂူမှ ကြယ်နှင့် ဓါတ်ပုံများဖျက်ဆီးခံရ "ဂူမှာ ကပ်ထားတဲ့ပုံနဲ့ ဂူတစ်လုံးကကြယ်နီကိုဖျက်ဆီးတာဗျ။ ကြယ်ပါတာကတော့ ကဗျာဆရာကေဇ၀င်းအုတ်ဂူပါ။"ဟု မုံရွာဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoမတ် 5, 2022
ဗီဒီယို စစ်ပွဲ စချိန်ကတည်းက လုပ်ကြံမှု ၃ ကြိမ်ထက်မနည်း ကြုံခဲ့တဲ့ ယူကရိန်း သမ္မတ လောလောဆယ် ဇီလန်စကီးကို လုပ်ကြံဖို့ ကြိုးစားနေသူတွေဟာ ရုရှားရဲ့ ချေချင်းညာ ဒေသ အကြီးအကဲ ရမ်ဇန် ကာဒီရော့ဗ် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့တွေ၊ သမ္မတ ပူတင်ရဲ့ အနီးကပ် မဟာမိတ် ယက်ဗ်ဂီနီ ပရီဂိုဇင် ပိုင်ဆိုင်တဲ့ ကြေးစား စစ်တပ် တစ်ခုက အဖွဲ့ဝင်တွေ ပါဝင်တယ်လို့... LuduNwayOoမတ် 5, 2022
နိုင်ငံတကာ အခုနှစ်အတွင်း ၉ စင်းမြောက် ဒုံးကျည်ကို မြောက်ကိုရီးယား စမ်းသပ်ပစ်ခတ် မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းနားက စတင် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ အမြင့် ၅၆၀ ကီလိုမီတာလောက်ထိ ပျံသန်းခဲ့ပြီး ကီလိုမီတာ ၂၇၀ လောက် ခရီးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ထောက်လှမ်းရေးတွေ ပူးပေါင်း စုံစမ်းနေကြဆဲပါ။ LuduNwayOoမတ် 5, 2022
နိုင်ငံတကာ ယူကရိန်းမှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ် မပေးတဲ့ ဆုံးဖြတ်ချက်အပေါ် NATO ကာကွယ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းမှာ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် တားဆီးနိုင်ဖို့အတွက် NATO အနေနဲ့ NFZ သတ်မှတ်ပြီး ကြားဝင် ကူညီပေးဖို့ တောင်းဆိုခဲ့ပေမယ့် NATOက ပယ်ချခဲ့ပါတယ်။ ဒီလို ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ ဘန်ဝေါလေ့စ်က NATOရဲ့... LuduNwayOoမတ် 5, 2022
News CNDFနှင့် စစ်ကောင်စီ ဖေဖော်ဝါရီအတွင်း တိုက်ပွဲငါးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ၄၀ကျော်သေ၊ ၅၀ဒဏ်ရာရ ဟု ထုတ်ပြန် ချင်းပြည်နယ် ဖလမ်းနှင့် ကလေးမြို့နယ်တို့တွင်ဖေဖော်ဝါရီ ၁ရက်မှ ၂၈ရက်အထိ တစ်လအတွင်း CNO လက်အောက်ခံတပ် CNDF ပါဝင်သည့် တိုက်ပွဲအခြေ အနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 5, 2022
News ကရင်နီတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် အမျိုး သမီးများအတွက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို ပြုလုပ် စစ်ဘေးရှောင်နေရသည့် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ (မတ်လ ၅) ရက်က မြန်မာ့နွေဦးတော်လှန်ရေးအတွင်း စစ်အာဏာရှင်စနစ်ကို ရဲရဲတောက် ဆန့်ကျင်နေကြသော အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ LuduNwayOoမတ် 5, 2022