Connect with us

Hi, what are you looking for?

News

CNDFနှင့် စစ်ကောင်စီ ဖေဖော်ဝါရီအတွင်း တိုက်ပွဲငါးကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ၄၀ကျော်သေ၊ ၅၀ဒဏ်ရာရ ဟု ထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းနှင့် ကလေးမြို့နယ်တို့တွင်ဖေဖော်ဝါရီ ၁ရက်မှ ၂၈ရက်အထိ တစ်လအတွင်း CNO လက်အောက်ခံတပ် CNDF ပါဝင်သည့် တိုက်ပွဲအခြေ အနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)နှင့် အကြားဖက် စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၅ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၄၁ဦးသေဆုံးပြီး ၅၀ ခန့် ဒဏ်ရာရခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းနှင့် ကလေးမြို့နယ်တို့တွင်ဖေဖော်ဝါရီ ၁ရက်မှ ၂၈ရက်အထိ တစ်လအတွင်း CNO လက်အောက်ခံတပ် CNDF ပါဝင်သည့် တိုက်ပွဲအခြေ အနေကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသူ ၄၁ဦးအထိ ရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၅၀ ဦးခန့်ရှိခဲ့ကြောင်း၊ CNDFဘက်မှ တိုက်ပွဲအတွင်း တစ်ဦးနှင့် မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲမှုကြောင့် တစ်ဦး စုစု​ပေါင်း နှစ်ဦးကျဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများမှာ ကလေးမြို့နယ် တစ်နေရာ၊ ပါရ်သဲကျေးရွာ၊ ထင်းရှူးစခန်း၊ လုံးရန်ရပ်ကွ့်နှင့် တားရွာကြားတို့ဖြစ်ပြီး CNDFနှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်း၊ မိုင်းဖြင့်တိုက်တိုက်ခြင်း တို့ဖြင့် စစ်ကောင်စီတပ်ကို ခုခံခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

CNDF အနေဖြင့် မတ်လအတွင်း၌လည်း ဖလမ်း-ဟားခါးကြားနှင့် ဖလမ်း – တီးတိန်မြို့နယ် အစပ်တို့၌ မဟာမိတ်များနှင့် ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။