Connect with us

Hi, what are you looking for?

သတင်း

ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထား

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ-၁၈၊၂၀၂၆။ဖိုးသား/People’s Sprin

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ရေစကြိုမြို့နယ် ဆင်ချောင်းကျေးရွာမှာရှိတဲ့ စစ်တပ်ဟာ ရေစကြို-ပခုက္ကူလမ်းပိုင်း ၁၂မိုင်နဲ့ ဆင်ချောင်းကျေးရွာလမ်းဘေးမှာ မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတာလို့ ဆိုပါတယ်။

“လက်ရှိမှာ လေးလုံးလောက် တွေ့ထားတယ်။နောက်ထပ် ဆက်ရှာဖွေနေတယ်။ကတ္တရာလမ်းဘေး ဝဲယာတွေ မှာ တွေ့ရတယ်”လို့ ရေစကြို ပကဖ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ ရေစကြို-ပခုက္ကူလမ်းပိုင်း ကားလမ်းဘေးဘက် သွားလာရင် အထူးဂရုစိုက်ကြဖို့လည်း အသိပေးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးသူစံချိန်သစ်နဲ့ ကမ္ဘာမှာ ထိပ်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းကြောင့် ၁နှစ်ကို သေဆုံးဒဏ်ရာရသူ လူဦးရေ တစ်ထောင်ကျော်အထိရှိနေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ သူတို့တပ်စွဲထားတဲ့နေရာတွေ အတိုက်မခံရေးရေး အတွက် မြေမြှုပ်မိုင်းကို အလွန်အကျွံသုံးစွဲကာ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကို ခုခံနေတယ်လို့လည်း အညာဒေသတော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

“သူတို့(စစ်တပ်)အများဆုံးသုံးနေတာ ၁၄ မိုင်းတွေ။ တပ်စွဲခဲ့တဲ့နေရာတိုင်းမှာ နေရာပေါ်မူတည်ပြီး အနည်း ဆုံး ၂၀ ကနေ ၃၀ ကြားတွေ့ရတယ်။အထူးသဖြင့် ကျေးရွာတွေထဲ ထောင်တဲ့ မိုင်းတွေကြောင့် စစ်ရှောင် တွေ ပြန်၀င်ရင် ထိကြတာများတယ်”လို့ သူ့အတွေ့ အကြုံကို ရှင်းပြပါတယ်။

လက်ရှိ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ရှိနေပြီး ဒေသခံပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ရေစကြိုမြို့ ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ ခြေလျင်တပ်ရင်းတွေဖြစ်တဲ့ အမှတ် -၂၅၆၊၂၅၇၊ ၂၅၈ တပ်ရင်းတွေ အခြေစိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။