Connect with us

Hi, what are you looking for?

News

စစ်ဆင်ရေးတွင် လမ်းပြပေးပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ပေးနေသည့် KNGနှင့် ပျူများကို အရေးယူမည်ဟု KNDF သတိ​ပေး

KNGသည် ကယန်းပြည်သစ်ပါတီမှ ခွဲထွက်ပြီး ၁၉၉၂ တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း Karenni’s Voiceက ဖော်ပြထားသည်။

(KNDF -B 03မှ ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာတွင် ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

အကြမ်းဖက်စစ်ကောင်စီတပ်၏စစ်ဆင်‌ရေးများတွင် လမ်းပြပေးပြီး စစ်ကောင်စီဘက်က တိုက်ခိုက်ပေးနေသည့် ကယန်းအမျိုးသားကာကွယ်ရေးတပ်(KNG) နှင့် ပျူစောထီးများအား အရေးယူသွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့မှ ဒီးမော့ဆိုမြို့နယ် အထိ ဖေဖော်ဝါရီ၁၅ရက်မှ စတင်သော အကြမ်းဖက် စစ်ကောင်စီတပ်၏ စစ်ဆင်ရေးများအတွင်း နယ်မြေအနေအထား၊ ဒေသတွင်း အခြေအနေနှင့် စစ်ဆင်ရေး လမ်းကြောင်းများကို မိုးဗြဲအခြေစိုက် ကယားအထူးဒေသ (၁) – ကယန်း အမျိုးသားကာကွယ်ရေးတပ် (KNG)မှ ဦးဆောင်လမ်းပြပေးနေကြောင်း KNDF က ထုတ်ပြန်သည်။

ထို့အပြင် KNG၏ ဦးဆောင်မှုဖြင့် ပျူစောထီးအဖွဲ့များကို အကြမ်းဖက်စစ်ကောင်စီမှ လက်နက်တပ်ဆင်ပေးပြီး၊ ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေကြောင်း ဖော်ပြထားသည်။

ယင်းသို့သော KNG၏ လုပ်ရပ်မျာကြောင့် အကြမ်းဖက် စစ်ဆင်ရေး လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ကယန်းလူမျိုးများနှင့် ပြည်သူများ ဒုက္ခရောက်ရကြောင်း၊ထို့ကြောင့် KNDFအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပူးပေါင်းဆောင်ရွက်နေသော KNG နှင့် ၎င်းတို့၏ အပေါင်းအပါ ပျူစောထီးအဖွဲ့များ၊ ဆက်စပ်ပတ်သက်သူများ အားလုံးကို ထိရောက်စွာဒဏ်ခတ်အရေးယူသွားမည်ဟု ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

KNGသည် ကယန်းပြည်သစ်ပါတီမှ ခွဲထွက်ပြီး ၁၉၉၂ တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ခဲ့သည့် အဖွဲ့ဖြစ်ကြောင်း Karenni’s Voiceက ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook