Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတွင် နေရာနှစ်ခု၌ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ၃၅ဦးထက်မနည်းသေဟု PDF ​ပြော

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာခဲ့သောကြောင့် ညပိုင်း၌ အပြစ်မဲ့ပြည်သူများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ဒီး​မော့ဆို PDFရဲ​ဘော်များကို ​တွေ့ရစဥ်

▪️ဒီး​မော့ဆို PDFမှ ရဲ​ဘော်​လေးဦး ဒဏ်ရာရ

ကယားပြည်နယ် ဒီးမော့ဆိုမြိုနယ်တွင် ယမန့်နေ့က နေရာ နှစ်ခုတွင် တိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်အချို့ဒဏ်ရာရခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဒီးမော့ဆို သေးဆူလဲ ကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြား ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF နှင့် KGZ တပ်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ငွေတောင်ကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF၊ ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTUနည်ပညာလက်ရုံးတပ်နှင့် အခြားတော်လှန် ရေးတပ်များပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲမှာ တစ်နေကုန်နီးပါး ဖြစ်ပွားခဲပြီးအကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်း သေဆုံးကာ ဒီးမော့ဆို PDFမှ ရဲဘော် ​လေးဦး ဒဏ်ရာရခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် CTU နည်းပညာလက်ရုံးရေးတပ်၏ ဒရုန်း တစ်စင်းထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာခဲ့သောကြောင့် ညပိုင်း၌ အပြစ်မဲ့ပြည်သူများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့တို့၌ လဝက်ကျော်ကြာတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။