Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတွင် နေရာနှစ်ခု၌ တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် ၃၅ဦးထက်မနည်းသေဟု PDF ​ပြော

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာခဲ့သောကြောင့် ညပိုင်း၌ အပြစ်မဲ့ပြည်သူများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ဒီး​မော့ဆို PDFရဲ​ဘော်များကို ​တွေ့ရစဥ်

▪️ဒီး​မော့ဆို PDFမှ ရဲ​ဘော်​လေးဦး ဒဏ်ရာရ

ကယားပြည်နယ် ဒီးမော့ဆိုမြိုနယ်တွင် ယမန့်နေ့က နေရာ နှစ်ခုတွင် တိုက်ပွဲတစ်နေကုန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်းသေဆုံးကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်မှ ရဲဘော်အချို့ဒဏ်ရာရခဲ့ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။

ဒီးမော့ဆို သေးဆူလဲ ကျေးရွာနှင့် ဒေါနော်ကူးကျေးရွာအကြား ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF နှင့် KGZ တပ်ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ငွေတောင်ကျေးရွာအုပ်စု ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF၊ ဒေသတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့၊ CTUနည်ပညာလက်ရုံးတပ်နှင့် အခြားတော်လှန် ရေးတပ်များပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲမှာ တစ်နေကုန်နီးပါး ဖြစ်ပွားခဲပြီးအကြမ်းဖက်စစ်ကောင်စီတပ်မှ ၃၅ဦးထက်မနည်း သေဆုံးကာ ဒီးမော့ဆို PDFမှ ရဲဘော် ​လေးဦး ဒဏ်ရာရခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် CTU နည်းပညာလက်ရုံးရေးတပ်၏ ဒရုန်း တစ်စင်းထိမှန်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ် အထိနာခဲ့သောကြောင့် ညပိုင်း၌ အပြစ်မဲ့ပြည်သူများရှိရာသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ဟု ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

ကရင်နီဒေသ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့တို့၌ လဝက်ကျော်ကြာတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာရှလမ်းပိုင်း၊ ကော့ကရိတ်နှင့် မြဝတီမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီက အင်အားသုံးပြီး အဆိပ်ငွေ့ဗုံး၊ မီးလောင်ဗုံးများဖြင့် လေကြောင်းမှ တိုက်ခိုက်နေသည်ဟုလည်း ဗိုလ်မှူးကျော်ဟိန်းက ဆိုသည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။