ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် (၁၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းဗုံးသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း God of Death(G.O.D)အဖွဲ့က ထုတ်ပြန် သည်။
မတ်လ ၅ရက် ည ၈နာရီခန့်တွင် အဆိုပါရပ်ကွက်ရုံးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရပ်ကျေးအဖွဲ့ဝင်များ ထိခိုက်မှုရှိသည်ဟု ထုတ်ပြန်ထားသည်။
အဆိုပါစစ်ဆင်ရေးကို မဟာမိတ်အဖွဲ့များဖြစ်သည့် Spring Revolution Flames -SRF ၊ Black Eagle ၊ Burma Dragon Army -BDA တို့နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း G.O.D က ဆိုသည်။
“ရိုးလေးနှင့် ၁၂၄ ကြား တံတားအဆင်းတွင်လည်း စစ်ကောင်စီ ကင်းလှည့်ရာ လမ်းကြောင်းတွင် ဖောက်ခွဲတိုက်ခိုက်ရန် ပြင်းအားမြင့်အဝေးထိန်း တစ်လုံး စီစဥ်ထားခဲ့သော်လည်း ရောက်လာခြင်းမရှိသည့်အတွက် အသံမိုင်းအနေဖြင့်သာ ဖောက်ခွဲခဲ့သော်လည်း ပေါက်ကွဲခြင်း မရှိခဲ့ပါ”ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

Public Service Announcement
G.O.D အနေဖြင့် လက်ရှိအချိန်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်စုံ၌ ဖောက်ခွဲတိုက်ခိုက်မှုများ ပြုလုပ်တော့မည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အသွားအလာဆင်ခြင်ရန် မေတ္တာရပ်ခံထားသည်။
“နောက်နောင်မှာလဲ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ပြီး အလံမလိပ် တပ်မခေါက်ပဲအဆုံးထိ လျှောက်လှမ်းသွားပါမယ်။ ပြည်သူများဘက်မှလဲ နိုင်ရာတာဝန်ထမ်းပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ တိုက်တွန်းအပ်ပါတယ်။ ကျုပ်တို့အဖွဲဝင်များအနေနှင့်လဲ သတိပေးတားမြစ်မှုများ ပြုလုပ်ပြီးဖြစ်ပါသောကြောင့် Missionအတွက် တစ်ရှိန်ထိုးသွားတော့မည်ဖြစ်သဖြင့် ပြည်သူများ အထိခိုက်ကင်းစေရန် ကျွန်ုပ်တို့ရဲ့တားမြစ်နေရာများအား ရှောင်ကျဥ်ခြင်းဖြင့်ကူညီပေးကြပါရန် တောင်းဆိုအပ်ပါသည်။’’ ဟု G.O.Dက အသိပေးထားသည်။
