Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်ဝင်ပေါက်မကွေးတိုင်း၊မင်းတုန်းမြို့နယ် ငကုန်းရွာဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော်(AA)တို့ကြားတိုက်ပွဲအပြင်းအထန်ဖြစ်နေပြီးစစ်တပ်စခန်းငယ်တခုကို AA က သိမ်းပိုက်ရရှိခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြို့မစျေးမှာ တော်လှန်ပြ​ည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၃) နံနက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ စီရင်ချက်ကို စင်ကာပူနိုင်ငံက လေးစားအသိအမှတ်ပြုကြောင်း ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်မြို့တော် ပြင်ဦးလွင်ကမြေတွေကို ပုံစံမျိုးစုံနဲ့ သိမ်းယူ​ပြီး လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံဟာ နာမည်ကျော်ဒီဇင်ဘာခြံကို ဖိအား​ပေးကာ ဝယ်လိုက်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)ဂိုဏ်းတစ်ခုနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ ငွေလဲလုပ်ငန်းကို ထိုင်းရဲတွေက ဝင်ရောက် စီးနင်းခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်နဲ့ ယိုးတရုတ်ကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် က ​နေအိမ် ၃၀၀ ​ကျော်ရှိတဲ့ ဘန့်ဘွေးကုန်းကျေးရွာက ပြည်သူ​တွေရဲ့နေအိမ်လုံးနီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး တစ်ဒေါ်လာ ကျပ် ၅,၂၀၀ ကျော်ဖြစ်လာသလို ၊ထိုင်းတစ်ဘတ် ၁၅၆ ကျပ်​ကျော်​ဈေး​ပေါက်​နေတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက ပြောပါတယ်။

သတင်း

ချင်းတောင်ပိုင်းက ဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်၊ CDF မတူပီ၊ CDF ကန်ပက်လက်၊ CDF ဒိုင်ရ် စတဲ့ တပ်တွေကို ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) အဖြစ် စုစည်းနိုင်ခဲ့လို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ထိုးစစ်ကို နှစ်ဝက်ကြာ ခုခံထားနိုင်တာဖြစ်ကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က...

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ မယ်ရီလန်းပြည်နယ်မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဥ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် FREE HER ကမ်ပိန်း လူထုလှုပ်ရှားမှုကို နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဆယ်ကျော်သက် မြန်မာ မိန်းကလေးငယ် တစ်ဦးကို သတ်ဖြတ်မှုနဲ့ အသက် ၄၇ နှစ်အရွယ် ထိုင်းအမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

သတင်း

ဆင်မုန်ယိုပြီး ရန်ပြုလို့ လူ ၇ဦးသေဆုံးခဲ့တဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှာ နောက်ထပ်ဆင်တကောင် မုန်ယိုနေတဲ့အတွက် ဘေးကင်းရာမှာနေကြဖို့ ဒေသခံအချင်းချင်းသတိပေးနေကြပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု တိုးမြင့်လုပ်ဆောင်နေပြီး မြို့ခံတွေကိုလည်း ထွက်ခွာခွင့်မပေးဘဲ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ SHRF က ထုတ်ပြန်ပါတယ်။

Facebook