သတင်း ဒီပဲယင်းမြို့နယ်ကို လေတပ်ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြည်သူတွေထိခိုက် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း AAနဲ့ ချင်းညီနောင်တွေ့ဆုံပြီး စစ်ကောင်စီတန်ပြန်ထိုးစစ်နဲ့ စစ်ရေးပြန်အလှန်ကူညီရေး ဆွေးနွေး အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော ludunwayooနိုဝင်ဘာ 10, 2025
သတင်း စစ်တပ်ရွေးကောက်ပွဲ မပူးပေါင်းဖို့၊မကူညီဖို့နဲ့ အသိအမှတ်မပြုဖို့ ၀၊ တအာင်း၊ မွန်လူငယ်အဖွဲ့တွေ တိုက်တွန်း "ဝ" ၊ တအာင်း၊ မွန် လူငယ်အဖွဲ့တွေ ပူးပေါင်းပြီး စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးဟန်ပြပွဲဖြစ်တဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဖို့ မကူညီဖို့၊ ဆန့်ကျင်ဖို့နဲ့ အသိအမှတ်မပြုဖို့ တိုက်တွန်းလိုက်ပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း လွိုင်ကော်အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်နေ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း ဒီပဲယင်းမြို့နယ်ကို စစ်တပ်ကတိုက်လေယာဥ်သုံးစီးနဲ့ ဗုံးကြဲ ပြည်သူ ၁၀ဦးကျော်ဒဏ်ရာရ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်က ကျေးရွာသုံးရွာ ကို စစ်တပ်က တိုက်လေယာဥ်သုံးစီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ကနဦးသတင်းတွေအရ ပြည်သူ ၁၃ ဦးကထိခိုက်ဒဏ်ရာ ရတယ်လို့ ဒေသခံ တွေဆီက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း ရန်ကုန်၊ ပဲခူးနဲ့ မွန်က ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင် ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း မုံရွာနယ်မြောက်ခြမ်း စစ်တပ်စစ်ကြောင်းထိုးပြီး စက်တပ်လေထီးနဲ့တိုက်ခိုက်လို့ ပြည်သူတစ်ဦး ထိခိုက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ပြည်သူထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း ပုံညာတောင်အနောက်ဖက်ခြမ်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက် မကွေးတိုင်း၊ထီးလင်းမြို့နယ်ကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေ သုံးကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း ဖားကန့်မှာ စစ်ယာဉ်တန်း KIA ၊ KPDF ရဲ့မိုင်းထိ ဖားကန့်မှာ ဒီနေ့မနက်ပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး KIA ၊KPDF ရဲ့ ပြင်းအားမြင့်တဲ့မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ယာဉ်တန်းအထိနာပြီး ထိခိုက်သေဆုံးမှုတွေများပြားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။ ludunwayooနိုဝင်ဘာ 10, 2025
သတင်း စစ်တပ်ရဲ့ရွေးကောက်ပွဲ ပြည်သူအားလုံး ရာသက်ပန်စစ်ကျွန်ဖြစ်စေဖို့ ဖန်တီးနေတာဟု လူထုလှုပ်ရှားမှု ဦးဆောင်သူတွေပြော ရွေးကောက်ပွဲပြီးပြဿနာတွေ ပြေလည်မယ်လို့ဝါဒဖြန့်နေမှုထောက်ချောက်သာဖြစ်ဟု သတိပေး ludunwayooနိုဝင်ဘာ 10, 2025