Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရ၊ စစ်တပ်က ဝိုင်းမော်ဘက် လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်အနီးနေရာတွေကို ပစ်မှတ်ထားပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန် နယ်တွေကဖော်ပြပြီး စစ်ကောင်စီကလည်း ဒီကနေ့ဖေဖော်ဝါရီ ၁၃ရက် မနက်အစောက စပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကိုလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

မြစ်ကြီးနားလေဆိပ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N

▪️KIA က ခလရ(၅၈) အပြီးသိမ်းနိုင်ဖို့ ကြိုးပမ်း၊ စစ်တပ်က ဗလမင်းထင်တံတားမှာ အင်အားဖြည့်ထား

ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်အနီးနေရာတွေကို ပစ်မှတ်ထားပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန် နယ်တွေကဖော်ပြပြီး စစ်ကောင်စီကလည်း ဒီကနေ့ဖေဖော်ဝါရီ ၁၃ရက် မနက်အစောက စပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကိုလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

” ကျနော်တို့ရွာအနီးမှာပဲ။ နေ့တိုင်းပဲ ။ အခုလောလောဆယ်ကတော့ ပုံမှန်ထက်အရှိန်မြင့်တာပေါ့။ဒီမနက် ကနေ ပစ်နေတယ် ထောင်ဘက်က အမှတ်(၃၀) ရဲတပ်ရင်း အဲဒီဘက်ကရော ပစ်တယ်။ တိုင်းကရောပစ်တယ်။ အများပိုင်းကျတာတော့ လမြန်ဘက်ပဲ ကျတယ်လို့ သူ့အသံကို နားထောင်ကြည့်တဲ့အခါကျတော့ လမြန်ဘက်ကျတယ်”လို့ ဒေသသတင်းရင်းမြစ်က ဝိုင်းမော်မြို့ဘက်ကို စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုကနေတဲ့ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကချင်ဒေသ စစ်ရေးသတင်းတွေဖော်ပြနေသူတဦးကလည်း ” မနေ့ည မြစ်ကြီးနား လေဆိပ်ဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် ရှင်းပါတယ် ။ ဝိုင်းမော် ဘက်ကမ်း ခလရ (၅၈) မကျရေးအသည်း အသန်ရှုံးမဲမဲပြီး လက်နက်ကြီး မရပ်မနား တဂျိန်းဂျိန်းထု လုံးပန်းနေတဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကို အလုပ်ပိုရှုပ်သွားအောင် နားရွက် တံတွေးဆွတ် ဖင်ပိတ်ကန်ပြီး ပါးပါးလေးသတိပေးလိုက်တဲ့ သဘောလို့ဘဲ မြင်ပါတယ်။နောက်ကျောလုံခြုံအောင် လုပ်အုံးဆိုတဲ့သဘော။ ဒရုန်း အသွားအလာ ၊ ဒရုန်းကျတဲ့နေရာစသဖြင့် ကြည့်ရင် စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာ ၊ အဆောက်အအုံ၊ ခရီးသွားပြည်သူကို မထိခိုက်ရ အောင်အတတ်နိုင်ဆုံး ရှောင်ကွင်းပြီးလုပ်သွားတယ်လို့ မြင်တယ်။ထိချင်ရာထိ လုပ်ချင်သပဆိုရင် ပုံထဲမြင်နေရတဲ့ လေဆိပ်အဆောင်အအုံတွေ ၊ ထိန်းသိမ်းရေးမျှော်စင်၊ လေယာဉ်ပြေးလမ်း စသဖြင့် အကောင်းအတိုင်းကျန်နေမှာမဟုတ်တော့ဘူး” လို့ မြစ်ကြီးနားလေဆိပ် ဒရုန်းတိုက်ခိုက်ခံရမှု အခြေအနေအပေါ် လူမှုကွန်ရက်မှာ သုံးသပ်ရေးသားထားပါတယ်။

KIA ဘက်ကလည်း ဝိုင်းမော်မြို့မှာ ကျန်နေတဲ့ စစ်ကောင်စီရဲ့ ခလရ(၅၈)တပ်ရင်းအပြီးသိမ်းနိုင်ဖို့ ကြိုးပမ်းနေကြောင်း ဒေသရှိ KIO/KIA အရာရှိတွေထံက သိရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

“သူတို့လည်း ၅၈ကိုရအောင်တော့ ဆွဲမယ်လို့ပြောတယ်။ ဖြစ်နိုင်မဖြစ်နိုင်တော့ မသိဘူး”လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲပြင်းထန်လာတဲ့ အခြေအနေမှာ စစ်တပ်ဟာ ဝိုင်းမော်နဲ့ မြစ်ကြီးနားဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားမှာ စစ်အင်အားတွေအရင်ထက် ပိုဖြည့်ထားတယ်လို့လည်း ပြောပါတယ်။

” ဘာဖြစ်လို့လဲဆိုတော့ သူတို့နေရာနဲ့ တအားနီးလာပြီ။ မခေါယန်အရှေ့ဘက်ခြမ်းတောင် ရောက်လာပြီဆိုတော့ ဝိုင်းမော်နဲ့တော်တော်နီးစပ်နေပြီ။ မနေ့က ဗလမင်းထင်မှာရော တော်တော်လေးတော့ စစ်သားတွေ ဖြည့်ထားတာတွေ့တယ်။ ဟုတ်တယ်။ ရဲတွေရော ခါတိုင်းထက်များတာပေါ့။ ခါတိုင်းဆို ကားစစ်ဘာစစ် ညာစစ်ပေါ့ အကောက်အခွန် ဘာညာလုပ်တာ။ အဲဒီလောက်မဟုတ်ဘဲ စစ်သားတွေရော ရဲတွေရော လုံခြုံရေးအတွက် စစ်သားတွေ တော်တော်လေးချထားတာတွေ့တယ်။” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ဒေသတွင်းက ပြည်သူ့စစ်တွေကို ရှေ့တန်းမှာ အသုံးပြုဖို့ ဖိအားပေး ခိုင်းစေနေလို့ ပြည်သူ့စစ်အဖွဲ့တွေအချို့ဟာ ခေါင်းစားနေရတယ်လို့ ပြောပါတယ်။

“အရင်က ဥက္ကဋ္ဌ ဦးလဆန်အောင်ဝါ(ဂွေထုပြည်သူ့စစ်ခေါင်းဆောင်) ရှိတုန်းကတော့ စစ်တိုက်လုပ်အားပေးမသွားဘူး။ သူက တိုင်းကို အခွန်ဘဏ္ဍာတွေနဲ့ပဲ သူ့အဖွဲ့အစည်းကို ရှေ့တန်းမထွက်ဘူးပေါ့။ ခုဒီနောက်ပိုင်း သူတို့ကို ရှေ့တန်းထွက်ခိုင်းတယ်လို့ ပြောတယ်။ မိုင်းနားရှေ့က ငှက်ပျော်ခြံမှာ သူတို့ကို ရှေ့တန်းထွက်ခိုင်းတယ်လို့ ပြောတယ်။ အဲဒါကြောင့် သူတို့လည်း ခုလောလောဆယ် ခေါင်းစားနေတယ်ပြောတယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

KIAအနေနဲ့ အခုဖေဖော်ဝါရီမှာ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေသိမ်းတဲ့ စစ်ဆင်ရေးတွေအရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ပထမပတ်နဲ့ ဒုတိယပတ်အတွင်းခလရ(၅၈)ရဲ့ ကာကင်းစခန်း ၄ခုထက်မနည်းသိမ်းရထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။

“ခလရ(၅၈) ပြီးရင်တော့ အဲဒီဘက်မှာတော့ ဧရာ၀တီမြစ်ရဲ့ ဟိုဘက်ခြမ်းမျာ ဗမာစစ်တပ်က လုံး၀ မရှိတော့ဘူးပေါ့။ ၅၈ တပ်ရင်းရှိတယ်။ အမှတ်(၁) ရဲစခန်းပေါ့ ၀ိုင်းမော်လေ အဲဒါရှိတယ်။ ဒါပါပဲ။ တခြားတော့ မရှိဘူးလို့ ပြောရမှာပဲ။ ၅၈တပ်ရင်း မရှိတော့ဘူးဆို ကုန်သွားပြီလို့ပြောရမှာပဲ။” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်အင်အားများ ဝိုင်းမော်ဘက်ကို ဖြည့်တင်းနေသလို လေကြောင်းတိုက်ခိုက်တာ ၊လက်နက်ကြီး ပစ်ခတ်တာတွေလုပ်ဆောင်လျက်ရှိပါတယ်။

KIAနဲ့ စစ်ကောင်စီတပ်တို့ဟာ အခုရက်ပိုင်းအတွင်း ဗန်းမော်၊ဝိုင်းမော်၊ ဖားကန့်၊ မိုးညှင်းအင်းတော်ကြီးဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၁ရက်အထိ စစ်ရေးအခြေအနေတွေကို အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲမှာ ပထမဆုံး အကျအဆုံးတွေ ကြုံခဲ့တာဟာ ဒရုန်းတိုက်ခိုက်မှု တစ်ခုကြောင့်လို့ အမေရိကန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရတဲ့နောက် ဆော်ဒီအာရေးဘီးယားရဲ့ အကြီးဆုံး ရေနံချက် စက်ရုံကြီးကို ပိတ်ထားလိုက်ရကြောင်း သိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဦး​ဆောင်တဲ့ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်ကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားလျက်ရှိရာ အခုရက်ပိုင်းအတွင်းမှာစစ်တပ်စွဲရာ နေရာအချို့ကို KIA ပူးပေါင်းတပ်က ထပ်မံ သိမ်းနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။