ဖေဖော်ဝါရီ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring
ရခိုင်ပြည်နယ်က မြောက်ဦးနဲ့ ကျောက်တော်မြို့ပေါ်ကို စစ်ကောင်စီက ဒီနေ့( ဖေဖော်ဝါရီ ၁၂ရက်) ည ၉နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့်အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့က ပိုက်သည်ရပ်ကွက်ကို ည ၉ နာရီ ၁၅ မိနစ်ခန့်မှာ ဗုံးနှစ်လုံးကြဲပြီး ည ၉ နာရီ ၂၀ မိနစ်ခန့်မှာ မြောက်ဦးမြို့အလယ်စျေးကို ဗုံးကြဲတာလို့ ရခိုင်စစ်ရှောင်တွေ ကူညီနေသူတစ်ဦးက ပြောပါတယ်။
“ ကျောက်တော်မှာ လူထိတယ်။မြောက်ဦးကတော့ အထိအခိုက်မရှိဘူးပြောတယ်။ ညဘက်ကြီး လေ
ကြောင်းစောင့်ကြည့်နေကြရတယ် အားလုံး” လို့ ၎င်းက ပြောပါတယ်။

Public Service Announcement
ကျောက်တော်မြို့ကိုဗုံးကြဲမှုမှာဒေသခံနှစ်ဦး သေ
ဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ကနဦးအခြေအနေကို ၎င်းက ဆက်ပြောပါတယ်။
ဇန်နဝါရီ ၂၀ရက်ညကလည်း ကျောက်တော်မြို့
နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးကြဲခဲ့တာကြောင့်စစ်သုံ့ပန်းနဲ့မိသားစုဝင်၂၁ဦးသေဆုံးပြီး၃၀ကျော်ဒဏ်ရာရခဲ့ပါတယ်။
၂၀၂၅ ဒီဇင်ဘာ ၁၀ရက်က မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်လို့ ဆေးကုသနေသူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကလေးငယ်တွေအပါအဝင် ၃၄ဦးသေဆုံးပြီး ၇၀ကျော် ဒဏ်ရာရခဲ့ပါတယ်။
အာရက္ခတပ်တော်(AA)ဟာ စစ်တွေ၊ ကျောက်ဖြူနဲ့မာန်အောင်မြို့ကလွဲပြီး ရခိုင်ပြည်နယ်က ကျန်မြို့ တွေကိုသိမ်းယူထားပါတယ်။ အဲဒီမြို့တွေကို ပြန်တိုက်ခိုက်ဖို့ စစ်ကောင်စီက ကြိုးစားနေပြီး အရပ်သားပြည်သူတွေကိုပစ်မှတ်ထား ဗုံးကြဲနေတယ်လို့ AAက သတိပေးထားပါတယ်။
အရပ်သားပြည်သူတွေအပေါ် စစ်ကောင်စီ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ်လို့လည်း AAက ထုတ်ပြန်ထားပါတယ်။

















































