Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်း ဘုတ္တန်းရွာလေကြောင်းတိုက်ခိုက်မှု ပြည်သူတစ်ဦးသေဆုံး၊ နေအိမ် ၃၀ နီးပါးပျက်စီး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္တန်းကျေးရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ၃၀ နီးပါးပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-ဒီပဲယင်းပအဖ

ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဘုတ္တန်းကျေးရွာလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ် ၃၀ နီးပါးပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ည ၉ နာရီမိနစ် ၂၀ခန့်က အာဏာသိမ်းစစ်တပ်ဟာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းကျေးရွာကို အကြောင်းမဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်လို့ အသက်(၃၇)နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးကာ နေအိမ် ၃ဝနီးပါး ပျက်စီးခဲ့တယ်လို့ ဒီပဲယင်းပအဖအဖွဲ့က အသိပေးပါတယ်။

နေအိမ် ၃လုံးဟာ မီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး ၁၀လုံးကတော့ ဗုံးဒဏ်ကြောင့် လုံးဝပျောက်ကွယ်ပျက်စီးသွားခဲ့ကြောင်း၊ ၁၆ လုံးကတော့ ဗုံးစတွေထိမှန်ကာ ပျက်စီးခဲ့တာဖြစ်တယ်လို့ ဒီပဲယင်းပအဖအဖွဲ့က ရှင်းလင်းပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဒီပဲယင်းပအဖအဖွဲ့ကို ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီဟာ လေကြောင်းကနေ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေ၊ လူစုလူဝေးတွေ၊ စစ်ရှောင်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေလို့ ပြည်သူတွေ လေကြောင်းအန္တရာယ်ကို အထူးဂရုစိုက်သတိပြုကြဖို့ ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားပါတယ်။

ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ရင်ဆိုင်နေရတဲ့ဒေသဖြစ်ပြီး ဒီနှစ် နှစ်ဆန်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးကာ ၃ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အထူးတိုင်းစစ်ဌာန တပ်ဖွဲ့တည်ရှိရာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့တဲ့ အခြေအနေမှာ လုပ်ဆောင်ရမယ့်အရာတွေ ဆက်လက်လုပ်ဆောင်ဖို့၊ ခွန်အားရှိကြောင်းပြသဖို့လိုအပ်ကြောင်း အထူးတိုင်းစစ်ဌာန ရဲဘော်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

Facebook