Connect with us

Hi, what are you looking for?

သတင်း

ဖားဆောင်းမြို့မှာ တိုက်ပွဲပြင်းထန်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အတွင်း စစ်တပ်က ဝင်ရောက်ဖို့ ကြိုပမ်းနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်ရဲ​ဘော်တွေက ပြောပါတယ်။

ဖေဖော်ဝါရီ-၁၃၊ ၂၀၂၆။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အတွင်း စစ်တပ်က ဝင်ရောက်ဖို့ ကြိုပမ်းနေတာကြောင့် တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်ရဲ​ဘော်တွေက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ ပိတ်ဆို့ထားတဲ့ ဖားဆောင်းမြို့တွင်းက အမှတ်(၁၃၅)ခြေလျင်တပ် ရင်း (ခလရ-၁၃၅)ကို မြေပြင်စစ်ကူပေးနိုင်ရေးနဲ့ သံလွင်တံတားကို ပြန်ထိန်းချုပ်ဖို့ စစ်တပ်က စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

“ ပါပုရွာ(ဖားဆောင်း​မြို့နဲ့လေးမိုင်ခန့်အကွာ) မရောက်ခင်ကတည်းက ​ကာနေတာပေါ့။လေကြောင်း၊ဒရုန်းနဲ့ မြေပြင်အင်အားအလုံးအရင်း နဲ့ထိုးနေတာတယ်။တိုက်ပွဲကတော့နေတိုင်းနီးပါးပဲ” လို့ မြေပြင် ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်ထိခိုက်မှု ရှိနေတယ်လို့လည်း ၎င်းက ပြောပါတယ်။

“ ကြားဖြတ်ရတဲ့ အခြေအနေကတော့ စစ်တပ်က ဖားဆောင်းကို ဝင်ပြီး သံလွင်တံတားကိုထိန်း ချုပ်နိုင်တဲ့အခြေအနေ ပြန်ထိန်းချုပ်နိုင်တဲ့ အနေ အထားလိုချင်တယ်။အဲဒီတော့ ပထမဆုံးအနေနဲ့က ဒီဖားဆောင်းတပ် ၁၃၅ ကို ရောက်အောင်သွားချင်တယ်။အဲဒီတပ်မှာက ပိတ်မိနေတဲ့သူများတယ်” လို့ ကရင်နီပူးပေါင်းတပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ ကာကင်းတွေနဲ့ စစ်ကြောင်းပိတ်ဆို့ ထားတာအပြင် ခလရ(၁၃၅)တပ်ရင်းကို စစ်ရေးအရအနီးကပ်ဖိအား​ပေးထားဆဲလို့ ဆိုပါတယ်။

ဖားဆောင်းမြို့နယ်ရဲ့ တပ်စခန်းနှစ်ခုထဲက ခလရ (၁၃၄)ကို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ -JCS က ၂၀၂၅ ဇွန်လ ၃၀ရက်မှာ အလုံးစုံသိမ်းပိုက်ခဲ့ပါတယ်။ ဒါအပြင် ခလရ(၁၃၅)တပ်ရင်းကို သိမ်းပိုက်ဖို့ကျန်ရှိနေတာ ဖြစ်ပါတယ်။

ခလရ(၁၃၄)နဲ့ (၁၃၅)တပ်ရင်းက ဓားလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ သာ ဝန်းကျင်ကွာဝေးပါတယ်။ ဘောလုံးကွင်းလေးကွင်းနီးပါး အကျယ်ရှိတဲ့ အဲဒီတပ်ရင်းနှစ်ခုဟာ အခိုင်အမာခံစစ်ပြင်ထားတယ်လို့ စစ်ရေးအချက်အလက်တွေ အရ သိရပါတယ်။

ဖားဆောင်းမြို့နယ်ရဲ့ အရှေ့ဘက်ခြမ်းမှာ က ရင်နီတပ်ပေါင်းစုက သိမ်းပိုက်ထားပြီးဖြစ်တဲ့ မယ်စဲ့မြို့ရှိကာ အနောက်ဖက်ခြမ်းမှာ ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းမှာ ဖာပွန်နဲ့ မြောက်ဘက်ခြမ်းမှာ ဘောလခဲမြို့နယ်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။

ဆောင်းပါး

ကရင်နီပြည်နယ်မှာဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အာဏာသိမ်းစစ်တပ်အခြေစိုက် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့ကို စစ်တပ်စစ်ကြောင်းတွေဝင်လာပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီပူးပေါင်းတပ်ဖွဲ့တာဝန်ရှိသူအချို့က ပြောပါတယ်။