ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ဘုတ္တန်းကျေးရွာကို စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့နေအိမ်အများအပြား ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီ ၁၁ရက်ည ၉ နာရီခွဲခန့်မှာ ဒီပဲယင်းမြို့နယ်၊ ဘုတ္ထန်းကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လူမထိပါ။ အိမ်ခြေများတယ် သတင်းကြားရပါတယ်။ ဝင်ခွင့်မပေး၍အတိအကျမသိရပါ”လို့ ကောင်းကင်တော်လှန်ရေးအင်အားစုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
ပျက်စီးသွားတဲ့ နေအိမ် အရေအတွက်ကိုတော့ မသိရသေးပါဘူး။ ဗုံးကြဲ လေယာဥ်တက်လာကတည်းက ပြည်သူတွေဟာ ဗုံးခိုကျင်းအတွင်း ကြိုတင် ပုန်းအောင်းခဲ့တာကြောင့် လူထိခိုက်မှုမရှိခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဘုတ္တန်းကျေးရွာဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းကလည်း လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက တော်လှန်ရေးအားကောင်းတဲ့ဒေသတွေက ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်နေပါတယ်။


















































