Hi, what are you looking for?
အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစားပေမယ့် စစ်တပ်စစ်ကြောင်းတွေလန်ကျပြီး အထိနာနေချိန်မှာ AA သိမ်းပိုက်ထားတဲ့ဒေသတွေက ဈေးတွေ၊တံတားတွေ၊စစ်ရှောင်စခန်းတွေ ၊ဆေးခန်းတွေ၊နေအိမ်တွေကိုပါ ပစ်မှတ်ထားပြီးလေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်နေ့ကနေ အောက်တိုဘာ...
ပြည်သူတွေ၊ လူငယ်တွေနဲ့ တော်လှန်ရေးကိုလမ်းမှားရောက်စေမှာ မဟုတ်ပဲ တော်လှန်ရေးရန်ပုံငွေ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်ထောင်စုဝန်ကြီး ဒေါက် တာဇော်ဝေစိုးက NUGဖမ်းဆီးမိတဲ့မူးယစ်ဆေးဝါးတွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ရဲ့ (၁၅)ကြိမ်မြောက် ပါတီကွန်ဂရက် အောင်မြင်စွာကျင်းပပြီးစီးခဲ့ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ယူဝမ်းမြောက် ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကွန်ဂရက်မှတစ်ဆင့် ခေါင်းဆောင်မှုအဖွဲ့သစ်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်နိုင်ခဲ့ခြင်းဟာ ကရင်နီပြည်သူလူထုနဲ့ တော်လှန်ရေးခရီးစဉ် အတွက် ဂုဏ်ယူအားတက်ဖွယ်ရာ မှတ်တိုင်တစ်ခုဖြစ်ဟု ဖော်ပြပါတယ်။