Connect with us

Hi, what are you looking for?

သတင်း

ဖမ်းမိထားတဲ့မူးယစ်ဆေးဝါးတွေကိုဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ဦးဆောင်ပြီးမီးရှို့ဖျက်ဆီး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဒေသစိုးမိုးရေးလုပ်ဆောင်နေတဲ့မြို့နယ်တွေမှာဖမ်းမိတဲ့ကျပ်သိန်းပေါင်းတစ်သိန်းခန့်တန်ကြေးရှိတဲ့မူးယစ်ဆေးဝါးတွေကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ဦးဆောင်ပြီး မီးရှို့ဖျက်ခဲ့ပါတယ်။

(မူးယစ်​ဆေးဝါး​တွေကိုမီးရှို့ဖျက်ဆီးစဥ်။ဓါတ်ပုံ-NUG )

ဇန်နဝါရီ-၂၉၊၂၀၂၆။အိမ်သွင်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဒေသစိုးမိုးရေးလုပ်ဆောင်နေတဲ့မြို့နယ်တွေမှာဖမ်းမိတဲ့ကျပ်သိန်းပေါင်းတစ်သိန်းခန့်တန်ကြေးရှိတဲ့မူးယစ်ဆေးဝါးတွေကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး နဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ဦးဆောင်ပြီး မီးရှို့ဖျက်ခဲ့ပါတယ်။

NUG အစိုးရ အုပ်ချုပ်ရေးနယ်မြေ တနေရာမှာ ဇန်နဝါရီ ၂၅ ရက်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဘိန်းဖြူ ၆၅၄၅ခွက်၊WY စိတ်ကြွဆေးပြား၄,၆၇၂,၀၀၀ပြား ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့် ရှိတယ်လို့ NUGက ဒီနေ့ ဇန်နဝါရီလ၂၉ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

ဘိန်းဖြူတွေကို မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံ အပ်နှံခဲ့တာပါ။WYစိတ်ကြွဆေးပြားတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိတဲ့မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ တရားခံတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ NUG အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။

NUGအစိုးရဟာ ထိန်းချုပ်‌ဒေသတွေမှာ မူးယစ်ဆေးဝါးတွေအပြင် သစ်တောထွက်ပစ္စည်းနဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင်သယ်ဆောင်လာကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေရှိနေပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေကတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားပြီး နောက်ထပ် ၄၁ မြို့နယ်ကိုလည်း ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ ထိန်းချုပ်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ် စစ်ရေးတိုးတက်ဖြစ်ပေါ်မှု အခြေအနေအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။