Connect with us

Hi, what are you looking for?

သတင်း

ရေဘေးသင့်နေတဲ့ သရက်ချောင်းမြို့နယ် စစ်ကြောင်းထိုးတဲ့စစ်တပ်က အရပ်သား ၁ဦး သတ်ဖြတ်

ရေဘေးသင့်ဒဏ်ခံစားနေရတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြု့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သား ၁ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်သတ်ဖြတ်သွားတဲ့ အရပ်သား ၁ဦးရဲ့ ရုပ်အလောင်း။ ဓာတ်ပုံ - KNU - Mergui-Tavoy District)

အောက်တိုဘာ ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ရေဘေးသင့်ဒဏ်ခံစားနေရတဲ့ တနင်္သာရီတိုင်း သရက်ချောင်းမြု့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သား ၁ဦးကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေသတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်)ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခမရ(၄၀၃)၊ (၄၀၄)နဲ့ (၄၀၉) ပူးပေါင်းစစ်ကြောင်းဟာ အောက်တိုဘာ ၆ရက်နေ့မှာ ထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာက ပြည်သူ ၁ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့တာလို့ ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုအား ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေတာဖြစ်ကြောင်းလည်း KNUမြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ အောက်တိုဘာ ၅ရက်ကလည်း သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာ ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ဦးသေဆုံးခဲ့ရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မကြာသေးမီက ရေကြီး၊ မြေပြိုလို့ ဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ တနင်္သာရီတိုင်း လောင်းလုံ၊ ရေဖြူ၊ သရက်ချောင်း မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာအပြင် မြေပြင်စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် တစ်ခုလုံးမှာ ရေကြီးမှု၊ မြေပြိုမှုဖြစ်ကာ လူသေဆုံးမှုနဲ့ အခက်အခဲ ပေါင်းစုံကို ရင်ဆိုင်ကြုံတွေ့နေရချိန် စစ်ကြောင်းထိုး ဗုံးကြဲနေတဲ့ စစ်တပ်ကို လက်တုန့်ပြန်သွားမယ်လို့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ခဲ့သလို

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်း စစ်ဌာန နည်းဗျူဟာ (၃၃)ကလည်း ပြည်သူ့အခက်အခဲ လျစ်လျူရှုပြီး စစ်ကြောင်းထိုးလာရင် လိုအပ်သလို ပြင်းထန်စွာ အရေးယူမယ်လို့ သတိပေးထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်တပ်ရဲ့ သွားလာလှုပ်ရှား ထိုးစစ်ဆင်မှု၊ လေယာဉ်ဗုံးကြဲမှုတွေကို အထူးအလေးထား ဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အသိပေးတိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အောက်တိုဘာ-၉၊၂၀၂၆။People’s Spring အာဏာသိမ်းစစ်တပ်က စက်တင်ဘာ ၄ ရက်ကစပြီး ၄၉၂၆ စစ်ဆင်​ရေးဆိုပြီး ရခိုင်ပြည်နယ်မှာ အာရက္ခတပ်​တော်(AA)သိမ်းပိုက်ထားတဲ့ နယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ကြိုးစား​ပေမယ့် စစ်တပ်စစ်​ကြောင်း​တွေလန်ကျပြီး အထိနာ​နေချိန်မှာ AA သိမ်းပိုက်ထားတဲ့​ဒေသ​တွေက ​​ဈေး​တွေ၊တံတား​တွေ၊စစ်​ရှောင်စခန်း​တွေ ၊​ဆေးခန်း​တွေ၊​နေအိမ်​တွေကိုပါ ပစ်မှတ်ထားပြီး​လေ​ကြောင်းက​နေ ဗုံးကြဲသတ်ဖြတ်ခဲ့ပါတယ် ။စက်တင်ဘာ ၄ ရက်​နေ့က​​နေ ​အောက်တိုဘာ...

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးအဖွဲ့ထံ ဂျပန်အစိုးရရဲ့ ဖွံ့ဖြိုးရေးအကူအညီ (ODA) ပြန်လည်ပေးအပ်ရေးအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (အောက်တိုဘာ ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်၊မူးကမ်းကြီးရွာ အာဏာသိမ်းစစ်တပ်က ​အောက်တိုဘာ ၈ ရက်နေ့လယ်ပိုင်းမှာ လေကြောင်းက​နေဗုံးကြဲခဲ့လို့ မိသားစုဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ဦးနဲ့သက်ကြီးရွယ်အို ၁ဦးသေဆုံးပြီး အရပ်သား ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။