Connect with us

Hi, what are you looking for?

သတင်း

ပလမြို့နေအိမ်တွေကို စစ်တပ် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့က ပြည်သူတွေရဲ့နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ အများအပြားမီးလောင်ပျက်စီးခဲ့ရကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၃၀၊၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပလမြို့က ပြည်သူတွေရဲ့နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ အများအပြားမီးလောင်ပျက်စီးခဲ့ရကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၇ရက်ကနေ ဇန်နဝါရီ ၂၉ရက်အတွင်း ပလမြို့ပေါ်က အမှတ်(၄) ဆားဖိုဆိပ်ရပ်ကွက်နဲ့ တိုရွာ(အမှတ်၁-၂ရပ်ကွက်)က နေအိမ်တွေကို စစ်တပ်က မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

” စစ်ကြောင်းထိုး လက်နက်ကြီးပစ်ပြီး ဝင်တယ်။ ပြီးတော မီးရှို့ပြီး ပြန်ဆုတ်သွားပါတယ်။ အိမ်ခြေ ၇၀ကျော်လောက် မီးလောင်ပျက်စီးခဲ့တယ်”လို့ KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ကလည်း ပလမြို့က နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုကို သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၇ရက် နေ့လည်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေ မီးရှို့ခဲ့တာလို့ အသိပေးထားပါတယ်။

စစ်တပ်ရဲ့ မီးရှို့မှုကြောင် ပလမြို့ အမှတ်(၄) ရပ်ကွက်(ဆားဖိုးဆိပ်)က နေအိမ် ၇၈လုံး မီးလောင်ပျက်စီးခဲ့ပြီး ဆက်လက်ပြီး မီးလောင်မှု မဖြစ်စေဖို့ မီးလမ်းတွေ ဖြတ်တောက်ခဲ့ကြောင်း ပုလောပကဖက အသိပေးပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂၈ရက် ညမှာလည်း ပလမြီု့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ စစ်တပ်က ယခင် တိုကျေးရွာ ဖြစ်တဲ့ အမှတ်(၁) နဲ့ အမှတ်(၂) ရပ်ကွက်က နေအိမ်အချို့ကို မီးရှို့ခဲ့ရာ ဇန်နဝါရီ ၂၉ရက်မနက်ပိုင်းအထိ မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပေါ်နေကြောင်း ပုလောပကဖကထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ တနင်္သာရီတိုင်း အပါအဝင် နိုင်ငံတဝန်းမှာ အရပ်သား ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး လေကြောင်း ၊လက်နက်ကြီး ၊ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ပြည်သူလူထုနေအိမ်တွေကို မီးရှို့တာတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူတွေအသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုတွေ နေ့စဉ် ဖြစ်ပေါ်လျက်ရှိပါတယ်။

ရုပ်သံ – ပုလော ပကဖ

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်