Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးရန်ပုံ​ငွေဘယ်​လောက်ခက်ခက် မူးယစ်​ဆေးနဲ့အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံးဝန်ကြီး​ပြော

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

ဇန်နဝါရီ-၃၀၊၂၀၂၆။​ရောင်နီ၊အိမ်သွင်/People’s Spring

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

“နိုင်ငံတော်ကိုရော ၊တော်လှန်ရေးကိုရော ၊လူငယ်တွေကိုရော၊ ပြည်သူတွေကိုရောလမ်းမှားကို ဘယ်တော့မှ မရောက်စေရဘူး။ကျွန်တော်တို့တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေရေး ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ ကျွန်တော်တို့ အလုပ်လုပ်မှာမဟုတ်ဘူး။ကျွန်တော်တို့ဟာ ဖြူစင်တဲ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူလူထုနဲ့ လူငယ်တွေကို လမ်းမှားကို ဘယ်တော့မှ ပို့မှာမဟုတ်ဘူး”လို့ ​ဒေါက်တာ​ဇော်​ဝေစိုးက​ပြောတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)စိုးမိုးရေးလုပ်ဆောင်နေတဲ့မြို့နယ်တွေမှာဖမ်းမိတဲ့ကျပ်သိန်းပေါင်းတစ်သိန်းခန့်တန်ကြေးရှိတဲ့မူးယစ်ဆေးဝါးတွေကိုပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ဦးဆောင်ပြီး NUG အစိုးရ အုပ်ချုပ်ရေးနယ်မြေ တနေရာမှာ ဇန်နဝါရီ ၂၅ ရက်က မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဘိန်းဖြူ ၆၅၄၅ခွက်၊WY စိတ်ကြွဆေးပြား၄,၆၇၂,၀၀၀ပြား ဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သိန်းခန့် ရှိတယ်လို့ NUGက ဒီနေ့ ဇန်နဝါရီလ၂၉ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဘိန်းဖြူတွေကို မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံ အပ်နှံခဲ့တာပါ။WYစိတ်ကြွဆေးပြားတွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖမ်းမိတဲ့မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့တရားခံတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ NUG အစိုးရကသတင်းထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် နိုင်ငံတော်ရယ် အမျိုးသားညီညွှတ်ရေးအစိုးရရယ်၊တော်လှန်ရေးရဲ့ရပ်တည်ချက်ကမူဝါဒရော၊ ဥပဒေရော ပြတ်သားပြီးသားဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံးဝန်ကြီးကဆက်​ပြောပါတယ် ။

“မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် လုံးဝ လုံးဝ လုံးဝ ကျွန်တော်တို့ခွင့်လွှတ်နိုင်မှာမဟုတ်ဘူး” လို့ ​ဒေါက်တာ​ဇော်​ဝေစိုးကဆက်​ပြောပါတယ်။

NUGထိန်းချုပ်‌ဒေသတွေမှာ မူးယစ်ဆေးဝါးတွေအပြင် သစ်တောထွက်ပစ္စည်းနဲ့ တောရိုင်းတိရစ္ဆာန်တွေ တရားမဝင်သယ်ဆောင်လာကြသူတွေကိုလည်း ဖမ်းဆီးအရေးယူတာတွေရှိနေပါတယ်။

ရုပ်သံ-NUG

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook