Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကနေဒါရဲ့ အချုပ်အခြာ အာဏာကို အမေရိကန် လေးစားပေးဖို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်ပြော

ကနေဒါနိုင်ငံရဲ့ အချုပ်အခြာ အာဏာအပေါ် အမေရိကန် အစိုးရက လေးစားမှု ထားပေးဖို့ မျှော်လင့်ကြောင်း ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက ပြောကြားခဲ့ပါတယ်။

ကနေဒါနိုင်ငံရဲ့ အချုပ်အခြာ အာဏာအပေါ် အမေရိကန် အစိုးရက လေးစားမှု ထားပေးဖို့ မျှော်လင့်ကြောင်း ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက ပြောကြားခဲ့ပါတယ်။

ကနေဒါရဲ့ အယ်လ်ဘာတာ ပြည်နယ်ထဲမှာ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာချင်တဲ့ အင်အားစုတွေနဲ့ အမေရိကန် အာဏာပိုင်တွေက တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် သတင်းထောက်တွေက သဘောထားမှတ်ချက် တောင်းခံခဲ့ချိန် ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကာနေးက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Financial Times သတင်းဌာနက အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတွေဟာ အယ်လ်ဘာတာ စည်ပင်ဖွံ့ဖြိုးရေး ပရောဂျက် (APP)ဆိုတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ တာဝန်ရှိသူတွေနဲ့ အနည်းဆုံး သုံးကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

APPဟာ ကနေဒါရဲ့ အဓိက စွမ်းအင် ထုတ်လုပ်ရေး အရင်းအမြစ် နယ်မြေတစ်ခုဖြစ်တဲ့ နိုင်ငံအနောက်ပိုင်း အယ်လ်ဘာတာ ဒေသကို ကနေဒါ အစိုးရ လက်အောက်ကနေ ခွဲထွက်ရေးအတွက် လူထုဆန္ဒ ခံယူပွဲတစ်ခု ကျင်းပသင့်ကြောင်း နှိုးဆော် တိုက်တွန်းနေတဲ့ အစုအဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သူ့အနေနဲ့ကတော့ အမေရိကန်ဟာ ကနေဒါရဲ့ အချုပ်အခြာ အာဏာကို လေးစားပေးဖို့ မျှော်လင့်ထားကြောင်း၊ ဒီသဘောထားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာလည်း သူက ရှင်းရှင်းလင်းလင်း ပြောပြထားခဲ့ကြောင်း ကာနေးက ဆိုပါတယ်။

APPကတော့ ကနေဒါ ဗဟိုအစိုးရရဲ့ မူဝါဒတွေဟာ အယ်လ်ဘာတာ ပြည်နယ်အတွက် နစ်နာမှုတွေ၊ အကျပ်အတည်းတွေ ဖြစ်စေကြောင်း ဝေဖန်ထားပါတယ်။ အယ်လ်ဘာတာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဒန်နီရယ်လီ စမစ်သ်ကတော့ သူဟာ ကနေဒါ နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ဆက်ရှိနေရေးကို ပိုမို လိုလားပေမယ့် လက်ရှိ လူထုအမြင် စစ်တမ်းတွေအရ ဒေသခံ ၃၀ ရာခိုင်နှုန်းလောက်ဟာ ကနေဒါ အစိုးရရဲ့ မူဝါဒတွေအပေါ် စိတ်ပျက်နေတယ်ဆိုတာ ထင်ရှား မြင်သာနေကြောင်း ပြောပါတယ်။

အယ်လ်ဘာတာဟာ ကုန်းပိတ်ပြည်နယ် တစ်ခုဖြစ်ပြီး စမစ်သ်က ပစိဖိတ် ကမ်းရိုးတန်းဆီ ရေနံပိုက်လိုင်းတစ်ခု တည်ဆောက်ရေးကို အလေးအနက် တောင်းဆိုနေပါတယ်။ ဒါပေမဲ့ အဲဒီပိုက်လိုင်း တည်ဆောက်ရာမှာ အိမ်နီးချင်း ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ကို ဖြတ်သန်းသွားဖို့ လိုအပ်ပြီး အဲဒီ ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဒေးဗစ် အီဘီကတော့ အပြင်းအထန် ငြင်းဆိုထားပါတယ်။

စမစ်သ်နဲ့ ဆက်ဆံရေး မပြေလည်တဲ့ အီဘီကတော့ ပြည်နယ်ခွဲထွက်ရေးအတွက် နိုင်ငံရပ်ခြား အစိုးရ တစ်ရပ်ကို အားကိုးတဲ့ လုပ်ရပ်ဟာ နိုင်ငံကို သစ္စာဖောက်ရာရောက်တယ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က တကယ်လို့ အယ်လ်ဘာတာ ပြည်နယ်သာ ကနေဒါကနေ ခွဲထွက်ခဲ့မယ်ဆိုရင် အမေရိကန်ဆီ လာရောက် ပေါင်းစည်းအောင် စည်းရုံး ညှိနှိုင်းသင့်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အယ်လ်ဘာတာမှာ ခွဲထွက်ရေးကိစ္စ လူထုဆန္ဒ ခံယူပွဲတစ်ခု ကျင်းပနိုင်ခြေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းတဲ့အခါ ပြည်သူတွေမှာလည်း ကိုယ်ပိုင် အချုပ်အခြာအတွက် လိုလားချက်တွေ ရှိကြကြောင်း၊ အမေရိကန်က ပေးနိုင်တာတွေကို အယ်လ်ဘာတာ ဒေသခံတွေက လိုအပ်နေတာလည်း ဖြစ်နိုင်ကြောင်း ဘက်ဆန့်က ပြန်ဖြေသွားပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။