Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နဲ့ အရောတဝင် လုပ်တာက ဗြိတိန်အတွက် အန္တရာယ် များလိမ့်မယ်လို့ ထရမ့်ပြော

ထရမ့်လက်ထက်မှာ အမေရိကန်ဟာ အစဉ်အလာ မဟာမိတ် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို လျှော့ချလာတဲ့နောက် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်တချို့ဟာ တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

တရုတ်နဲ့ အရောတဝင် သွားလုပ်တာဟာ အရမ်း အန္တရာယ်များတဲ့ ရွေးချယ်မှု တစ်ခုဆီ ဗြိတိန်က ဦးတည်လိုက်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန်လိုက်ပါတယ်။

ထရမ့်လက်ထက်မှာ အမေရိကန်ဟာ အစဉ်အလာ မဟာမိတ် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို လျှော့ချလာတဲ့နောက် ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်တချို့ဟာ တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည် မြှင့်တင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ စတာမာဟာ ဘေဂျင်းမြို့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေး မဟာဗျူဟာမြောက် တိုးမြှင့်မယ့် ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ တရုတ်နဲ့ ဗြိတိန်တို့ဟာ သဘောထားအမြင် ကွဲလွဲမှုတွေ ရှိနေတာကို နှစ်နိုင်ငံ ခေါင်းဆောင်တွေက အသိအမှတ်ပြုခဲ့ပေမယ့် အနာဂတ်မှာ ဆက်ဆံရေးကဏ္ဍတွေကို နည်းလမ်းမျိုးစုံနဲ့ မြှင့်တင်သွားကြဖို့လည်း သဘောတူခဲ့ပါတယ်။

ထရမ့်ကတော့ အမေရိကန်ရဲ့ အနီးကပ်ဆုံး အစဉ်အလာ မဟာမိတ်ဖြစ်တဲ့ ဗြိတိန်က အမေရိကန်ရဲ့ ခါးသီးပြိုင်ဘက် တရုတ်နဲ့ သဘောတူညီမှုတွေ ရယူနေတဲ့အပေါ် အန္တရာယ်များတဲ့ အရွေ့တစ်ခုလို့ မှတ်ချက်ပေးခဲ့ပါတယ်။ အစောပိုင်းတုန်းကလည်း ထရမ့်ဟာ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေး အနေနဲ့ တရုတ်နဲ့ အခွန်ကင်းမဲ့ ကုန်သွယ်ရေး သဘောတူညီမှုမျိုး တည်ဆောက်မယ်ဆိုရင် အမေရိကန်က ကနေဒါရဲ့ ပို့ကုန်တွေအပေါ် အခွန်အမြောက်အမြား စည်းကြပ် ကောက်ယူမယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၃၀ ရက်နေ့မှာတော့ စတာမာက ရှီနဲ့ တွေ့ဆုံခဲ့မှုဟာ အရမ်းကောင်းမွန်ပြီး စိတ်ကျေနပ်စရာ ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ရှီကလည်း ဗြိတိန်နဲ့ အခုလို အဆင့်မျိုး ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ တရုတ်က အထူးတလည် မျှော်လင့်ထားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်ဆွေးနွေးမှုတွေက နွေးထွေးခဲ့သလို တကယ့်ကို ထိရောက်မြင်သာတဲ့ တိုးတက်မှုတွေလည်း ရှိခဲ့ကြောင်း၊ ဗြိတိန်ဖက်ကလည်း ကမ်းလှမ်းနိုင်တာတွေ အများကြီး ရှိခဲ့ကြောင်း စတာမာက ဘေဂျင်းမှာရှိတဲ့ ဗဟိုဘဏ်မှာ ပြုလုပ်ခဲ့တဲ့ ဗြိတိန်-တရုတ် စီးပွားရေး ဖိုရမ်မှာ မှတ်ချက်ပေးသွားပါတယ်။

စတာမာဟာ သူရဲ့ ၄ ရက်ကြာ တရုတ် ခရီးစဉ်အတွင်း ဘေဂျင်းကနေ ရှန်ဟိုင်းမြို့ဆီ ခရီးဆက်ဖို့ စီစဉ်ထားသလို အဲဒီကနေ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်ကို သွားရောက်မှာပါ။ သူဟာ တိုကျိုမှာ ဂျပန်ဝန်ကြီးချုပ် စနအဲ တကအိချိနဲ့လည်း ညစာစားရင်း အလုပ်ကိစ္စတွေ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။

ဗြိတိန်မှာ အတိုက်အခံ အင်အားစုတွေကတော့ စတာမာရဲ့ တရုတ်ခရီးစဉ်အပေါ် ဝေဖန်နေကြပြီး ဗြိတိန် အစိုးရဟာ စီးပွားရေး ကျဆင်းမှုတွေကို ဖာထေးနိုင်ဖို့အတွက် အမျိုးသား လုံခြုံရေး ကဏ္ဍကို ချစတေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဗြိတိန် အတိုက်အခံ အင်အားစုတွေက တရုတ်ဟာ သူလျှိုပြု ထောက်လှမ်းမှုတွေနဲ့ ပတ်သက်ပြီး ယုံကြည်ရတဲ့ မိတ်ဖက်မျိုး မဖြစ်နိုင်ကြောင်း ထောက်ပြထားကြပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။