သတင်း မူဆယ်မြို့လယ်၌ အမျိုးသမီးနှစ်ဦးပစ်သတ်ခံရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအနီး အရပ်သားအမျိုးသမီးနှစ်ဦးအား သေနတ်သမားနှစ်ဦးက ယနေ့ညနေတွင်လူမြင်ကွင်း၌ပစ်ခတ်သတ်ဖြတ်သွားကြောင်း အဆိုပါမြို့ခံများက ပြောသည်။ ludunwayooဇူလိုင် 25, 2025
သတင်း စစ်ကောင်စီကဆိုက်ဘာစစ်ဆင်ရေးဖြင့် အချင်းချင်းရန်တိုက်ပေးသည့်စစ်မျက်နှာဖွင့်လာဟု CNF သတိပေး အာဏာသိမ်းစစ်ကောင်စီ၏ ဆိုက်ဘာစစ်ဆင်ရေးသည် လက်နက်သစ်တမျိုးဖြစ်ပြီး အကောင့်တုများ အသုံးပြုကာ တော်လှန်ရေးအင်အားစုများအကြား ရန်တိုက်ပေးလျက်ရှိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။ ludunwayooဇူလိုင် 25, 2025
သတင်း မန္တလေးမြို့အနီးတိုက်ပွဲ စစ်တပ်တန်ပြန်ထိုးစစ်ဆင်၊ အရာရှိအပါအဝင်စစ်သားအလောင်း ၇ခုနှင့် လက်နက်ခဲယမ်းအချို့ရဟုမန္တလေးPDFထုတ်ပြန် တော်လှန်ရေးတပ်များသိမ်းပိုက်ထားသောရွာသုံးရွာကိုထိန်းချုပ်ထားဆဲ ludunwayooဇူလိုင် 25, 2025
ထိုင်း - ကမ္ဘောဒီးယား ထိုင်းနှင့် ကမ္ဘောဒီးယားအကြား စစ်ရေးတင်းမာမှု အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းရန် NUG နိုင်ငံခြားရေးတိုက်တွန်း အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံဖြစ်သည့်ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား စစ်ရေး အခြေအနေတင်းမာမှုကို သက်ဆိုင်ရာနိုင်ငံများအနေဖြင့် အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်းရန် တိုက်တွန်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ludunwayooဇူလိုင် 25, 2025
သတင်း မုံရွာမြို့ပေါ်က စစ်တပ်ဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက် စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ကစစ်ကောင်စီ၏စစ်ဆေးရေးဂိတ်ကို ကာကွယ် ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။ ludunwayooဇူလိုင် 25, 2025
သတင်း မွန်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်တွင်လေဆင်နှာမောင်းနှင့်လေပြင်းတိုက်ခတ်၍နေအိမ် ၁၀၀ ကျော်ပျက်စီး မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ludunwayooဇူလိုင် 25, 2025
သတင်း မန္တလေး မန်းမြို့စျေးအနီးက ရွှေဆိုင် ဓားမြတိုက်ခံရ ဒီနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်းက မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအနီးရှိ ရွှေနန်းသုခရွှေဆိုင် ဓားမြတိုက်ခံလိုက်ရတယ်လို့သိရပါတယ်။ ludunwayooဇူလိုင် 24, 2025
ထိုင်း - ကမ္ဘောဒီးယား ထိုင်း-ကမ္ဘောဒီးယားစစ်ရေးပဋိပက္ခ မြန်မာများလိုက်နာရမည့်လုံခြုံရေးဆိုင်ရာအကြံပြုချက်များ NUG ထုတ်ပြန် လက်ရှိဖြစ်ပေါ်နေသောထိုင်း နှင့် ကမ္ဘောဒီးယားစစ်ရေးအခြေအနေတင်းမာမှုများကြောင့် နယ်စပ်ဒေသများ၌ နေထိုင်ကြသည့် မြန်မာနိုင်ငံသားများ လုံခြုံဘေးကင်းရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရန်နှင့် ရှောင်ကြဉ်ရန် အချက်များကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အသိပေးထုတ်ပြန်သည်။ ludunwayooဇူလိုင် 24, 2025
ထိုင်း - ကမ္ဘောဒီးယား ထိုင်း -ကမ္ဘောဒီးယား စစ်ရေးပဋိပက္ခကြောင့် ထိုင်းရောက်မြန်မာလုပ်သားတွေသတိထားနေထိုင်ကြဖို့မြန်မာအရေးဆောင်ရွက်နေသူတွေအကြံပြု ထိုင်း - ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ဝေဖန်ပြောဆိုတာတွေမလုပ်ကြဖို့ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက သတိပေးပြောကြားလိုက်ပါတယ်။ ludunwayooဇူလိုင် 24, 2025
သတင်း သောင်ရင်းမြစ်ရေကြီးလို့ မြဝတီမှာ ရေဘေးကြုံတွေ့နေ မိုးကြီးပြီးနောက် မြစ်ရေကြီးတာ ၊ တောင်ကျရေ စီးဆင်းတာတွေကြောင့် ကရင်ပြည်နယ်အတွင်းက မြို့အချို့မှာ ရေဘေးရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ludunwayooဇူလိုင် 24, 2025