Connect with us

Hi, what are you looking for?

သတင်း

မန္တလေး မန်းမြို့စျေးအနီးက ရွှေဆိုင် ဓားမြတိုက်ခံရ

ဒီနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်းက မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအနီးရှိ ရွှေနန်းသုခရွှေဆိုင် ဓားမြတိုက်ခံလိုက်ရတယ်လို့သိရပါတယ်။

ဓါးပြတိုက်ခံရတဲ့ ရွှေနန်းသုခရွှေဆိုင်ကိုတွေ့ရစဉ်။ဓာတ်ပုံ-CJ

ဇူလိုင်-၂၄၊၂၀၂၅။ဆိုင်းမင်း၊​မေ/People’s Spring

ဒီနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်းက မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ်၊ မန်းမြို့စျေးအနီးရှိ ရွှေနန်းသုခရွှေဆိုင် ဓားမြတိုက်ခံလိုက်ရတယ်လို့သိရပါတယ်။

မန်းမြို့စျေးအနီး ၈၅လမ်းနဲ့ ၃၉လမ်းထောင့်ရှိ ​ရွှေနန်းသုခရွှေဆိုင်ညနေ ၄နာရီခန့်ကဓားပြတိုက်ခံရတာလို့ မြို့ခံအချို့ကပြောပါတယ်။

ရွှေဆိုင်ကို Honda Fit အမျိုးအစားအိမ် ကားနဲ့ ရောက်လာတဲ့ လူ၆ဦး ကဓားပြတိုက်သွားတာဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသိထားရပါတယ်။

Public Service Announcement

Public Service Announcement

“ဓားနဲ့အထိုးခံရတာ ဝန်ထမ်း သုံးယောက်ထိတယ်လို့ သိရပါတယ်၊စစ်ကား ရောက်လာပြီး အပြန်အလှန်ပစ်တယ်လို့ကြားတာပဲ၊ သေနတ် သံ၁၀ ချက်ကျော်လောက်ကြားတယ်”လို့မြို့ခံတဦး ကပြောပါတယ်။

မန်းမြို့​ဈေးအနီးရှိနေသူတဦးကလည်း “သေနတ်သံတွေကြားလိုက်ရတယ်၊ အချက်ရေများတယ်”လို့ပြောပါတယ်။

ဓါးမြတိုက်ခံရတဲ့ ရွှေဆိုင်က အမျိုးသား၂ ဦး စိုးရိမ်ရဒဏ်ရာရပြီး အမျိုး သမီး ၁ ဦးလည်း ဓားဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဓားမြတိုက်သွားတဲ့ ရွှေချိန်ပမာဏကိုတော့ မသိရသေးပါဘူး။

အခုလို ဓားမြတိုက်ခံရတဲ့ ရွှေဆိုင်တည်ရှိရာနေရာဟာ လူစည်ကားပြီး ရွှေဆိုင်တွေအများအပြားဖွင့်လှစ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် မေလ၃၁ရက်ကလည်း မန်းမြို့မစျေးအတွင်းဖွင့်လှစ်ထားတဲ့ ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာကျော် ပါသွားပါတယ်။

စစ်ကောင်စီက ပျူစောထီးတွေ ဖွဲ့စည်းပြီးနောက်ပိုင်း မန္တလေးမြို့မှာ လက်နက်ကိုင် လုယက်ဓားပြတိုက်မှု တွေဆက်တိုက်ဖြစ်နေပြီး အမှုအများစုက ဒီနေ့အထိ မပေါ် ပေါက်ခဲ့ဘူးလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook