Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ပေါ်က စစ်တပ်ဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ကစစ်ကောင်စီ​၏စစ်ဆေးရေးဂိတ်ကို ကာကွယ် ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

ရေဦးဆန်ဆိုင်ဂိတ်ကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်ပစ်ခတ်စဥ်။ (Screen Grab)

ဇူလိုင်-၂၄၊၂၀၂၅/ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊မုံရွာမြို့ပေါ်ကစစ်ကောင်စီ​၏စစ်ဆေးရေးဂိတ်ကို ကာကွယ် ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

ဇူလိုင် (၂၂)ရက် ညနေ ၃နာရီခန့်ကမုံရွာမြို့ပေါ်က (ဒေသခံအခေါ်) ရေဦးဆန်ဆိုင်ဂိတ်ကိုကာကွယ်ရေးအဖွဲ့တွေကအနီးကပ်ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ရာမှာ စစ်ဗိုလ် တစ်ဦး၊ ရဲအရာရှိ တစ်ဦးနဲ့ စစ်သား နှစ်ဦးသေဆုံးခဲ့ပြီး အခြားစစ်သား တစ်ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

“ထိခိုက်ဒဏ်ရာရတာလည်း များတယ်။ တိုက်ခိုက်တာက ၁၅ မိနစ်လောက်ပဲ။ ပြည်သူလူထုရှိနေတာများလို့ ထိခိုက်မှာဆိုးလို့တပ်ပြန်ဆုတ်ခိုင်းတာပါ။”လို့ စစ်ကိုင်း PDFခေါင်းဆောင် ကိုစစ်ငြိမ်းနိုင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်း PDF အနေနဲ့ စစ်ကိုင်းဒေသအတွင်းက တခြားအဖွဲ့အစည်းအသီး သီးနဲ့ပါ လက်တွဲဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကိုစစ်ငြိမ်းနိုင်က အသိပေးပါတယ်။

စစ်ကောင်စီဘက်ကထိခိုက်သေဆုံးတာတွေကိုတော့ လူထုနွေဦးက ထပ်မံ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဲဒီတိုက်ခိုက်မှုကို Gue Gue PSF စစ်ကြောင်း (မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့)၊ GUARDIAN FORCES ၊မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ တိုက်နယ်(၄) ပ.လ.ဖ ၊ Sagaing PDF စစ်ကြောင်း (၂)၊Democratic Guerrilla Force (DGF)၊ ၅/ဖိုက်တာအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

အဲဒီရေဦးဆန်ဆိုင်ဂိတ်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း တစ်ကြိမ်ပစ်ခတ်ခံရပြီး စစ်အုပ်စုဝင်တွေ ထိခိုက်မှု ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်အတွင်းမှာ စက်လှေတိမ်းမှောက်ပြီး အလုပ်ပြန် သင်္ဘောကျင်းလုပ်သား ၅ ဦး ပျောက်ဆုံးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။