Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကဆိုက်ဘာစစ်ဆင်ရေးဖြင့် အချင်းချင်းရန်တိုက်ပေးသည့်စစ်မျက်နှာဖွင့်လာဟု CNF သတိပေး

အာဏာသိမ်းစစ်ကောင်စီ၏ ဆိုက်ဘာစစ်ဆင်ရေးသည် လက်နက်သစ်တမျိုးဖြစ်ပြီး အကောင့်တုများ အသုံးပြုကာ တော်လှန်ရေးအင်အားစုများအကြား ရန်တိုက်ပေးလျက်ရှိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

CNF/CNAတပ်မတော်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CIC

ဇူလိုင်-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီ၏ ဆိုက်ဘာစစ်ဆင်ရေးသည် လက်နက်သစ်တမျိုးဖြစ်ပြီး အကောင့်တုများ အသုံးပြုကာ တော်လှန်ရေးအင်အားစုများအကြား ရန်တိုက်ပေးလျက်ရှိကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဇူလိုင်လဆန်းက ချင်းတော်လှန်ရေးတပ် အချင်းချင်းအကြား ပြဿနာများဖြစ်ပွားပြီးနောက် ချင်းပြည်ကောင်စီ(CC)ဘက်ကို ဖြစ်စေ၊ ချင်းညီနောင်(CB)ဘက်ကိုဖြစ်စေ ဝေဖန်အပုတ်ချသည့် ရေးသားဖြန့်ဝေမှုများ၊ စာအတုများလူမှုကွန်ရက်၌ ဆက်တိုက်ဖြန့်ဝေမှုများ ရှိလာသည့် အခြေအနေတွင် ဆလိုင်းထက်နီ၏ပြောကြားချက်ကို CNF အတွင်းရေးမှူးအဖွဲ့ရုံးက ယနေ့(ဇူလိုင် ၂၄ရက်) ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” စစ်မြေပြင်မှာ စည်းလုံးညီညွတ်တဲ့ ချင်းလူမျိုးကို အနိုင်မယူနိုင်ဘူးဆိုတာ စစ်အာဏာရှင်တွေက သိပါတယ်။ အဲ့ဒါကြောင့်ပဲ အချင်းချင်း ကွဲပြားမှုကိုဖြစ်စေမယ့် အလိမ်ညာတွေကို ဖြန့်ဝေဖိုနဲ့ ချင်းလူမျိုးကို ချင်းလူမျိုးနဲ့ လှည့်တိုက်ဖို စစ်လော်ဘီတွေရဲ့ အကောင့်တုတွေသုံးပြီး အချင်းချင်း ရန်တိုက်ပေးတဲ့ စစ်မျက်နှာအသစ် ဖွင့်လာတာဖြစ်ပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

အကောင့်တုများသည် မတူညီသည့် ဘက်တဘက်ကို ပံ့ပိုးကူညီသယောင်ဖြင့်စည်းလုံးညီညွတ်မှုကို အတွင်းက ချိုးဖျက်ရန် သေချာရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း ဆလိုင်းထက်နီက ပြောသည်။

” မမှန်ကန်တဲ့ ကောလဟာလတွေနဲ့ အမုန်းပွားစေမယ့် မှတ်ချက် (comment)တိုင်းဟာ ကျွန်တော်တိုရဲ့ ကြိုးစားရုန်းကန်မှုတွေကို အားနည်းသွားစေဖို ရည်ရွယ်တဲ့ အဆိပ်အတောက်တွေပဲ ဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းပြည်သူလူထုအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီ အားတက်စေမည့် ဝမ်းသာစေမည့် အရာများ မလုပ်မိစေရေး သတိပြုရန်လည်း ၎င်းက တိုက်တွန်းသည်။

“ကျနော်တို့စစ်အာဏာရှင်အတွက် အလုပ်မလုပ်မိဖို သတိပြုကြရအောင်။ကျနော်တို့မှာ မတူကွဲပြားမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အားလုံး မျှော်မှန်းထားတဲ့ လွတ်လပ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ် ချင်းပြည်ဆိုတဲ့ ပန်းတိုင်ဟာ ဘ ဘယ်အရာထက်မဆို ပိုခိုင်မာပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF)အနေဖြင့် ချင်းတော်လှန်ရေးအစုအဖွဲအားလုံးနှင့် စည်းလုံးညီညွတ်ရေး တွေ့ဆုံဆွေးနွေးရန် ကတိပြုပြီးဖြစ်ကြောင်းလည်း အသိပေးသည်။

“အတူတကွ ရပ်တည်ခြင်းဖြင့်သာ အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။သတိရှိပါ။ စည်းလုံးပါ။ တစ်ကယ့်ပန်းတိုင်ကို ရှေးရှုပါ။ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေကြောင့် ကျနော်တို့ အားလုံး တည်ဆောက်နေတဲ့အရာကို မပျက်စီးပါစေနဲ့”ဟုလည်း ဆလိုင်းထက်နီက ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးတပ်များအကြား ပြဿနာများဖြစ်ပွားတိုင်း ကြေညာချက်အတု၊ ပြောဆိုချက် အတုများကို သက်ဆိုင်ရာ တိုင်းရင်းသားအမည်ရေးသားဖွင့်လှစ်ထားသည့် အကောင့်တုများဖြင့် အချင်းချင်းအကြား ပြဿနာများ ပိုမိုကြီးထွားစေရန် လုပ်ဆောင်မှုများ မကြာခဏ တွေ့ရလေ့ရှိသည်။ အထူးသဖြင့် ယခုနှစ်ဆန်းပိုင်းက တအာင်းတပ်မတော်(TNLA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ပေါ်ပေါ်စဉ် ထိုသို့ အချင်းချင်း အကြား သွေးကွဲစေမည့် ရေးသားချက် အတုများ ဖန်တီးပြီး သက်ဆိုင်ရာလူမျိုးများအကြား လူမျိုးရေးပြဿနာ ပိုမိုကြီးထွားစေရန် လုပ်ဆောင်မှုများတွေ့ရသည်။

စစ်ကောင်စီသည် အကောင့်တုများဖန်တီးခြင်း၊ သတင်းတု သတင်းမှားများ ဖန်တီးခြင်း၊ သက်ဆိုင်ရာ သတင်းများအောက်တွင် မှတ်ချက်များ ဝင်ရောက်ရေးသားခြင်း စသည့် တော်လှန်ရေးအဖွဲ့များ သွေးကွဲစေရန် ဆိုက်ဘာတိုက်ခိုက်မှုများလုပ်ဆောင်ကာ သဘောထားအမြင်များ ပိုမိုကွဲပြားစေရန်၊ ပြည်သူများ တော်လှန်ရေးအပေါ် ယုံကြည်မှု လျော့နည်းစေရန် ၊တော်လှန်ရေးတပ်များ တဖွဲ့နှင့်တဖွဲ့ ယုံကြည်မှု ပျက်စေရန်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။