Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်နယ်ရှိ မြို့နယ် ​လေးမြို့နယ်တွင်​လေဆင်နှာ​မောင်းနှင့်​လေပြင်းတိုက်ခတ်၍​နေအိမ် ၁၀၀ ​ကျော်ပျက်စီး

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

​မွန်ပြည်နယ်တွင် လေဆင်နှာ​မောင်း နှင့် ​လေပြင်းတိုက်ခတ်မှု​​ကြောင့်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-​CJ

ဇူလိုင် – ၂၄ ၊၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်ရှိ ကျိုက်ထို၊သထုံ၊သံဖြူဇရပ်နှင့်ပေါင်မြို့နယ်တို့တွင် လေဆင်နှာမောင်း နှင့် လေပြင်းတိုက် ခတ်၍ နေအိမ်အလုံး ၁၀၀ ကျော်ပျက် စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇူလိုင် ၂၄ ရက်) နံနက် ၇ နာရီ မှစ၍ ၈ နာရီ အတွင်းလေဆင်နှာမောင်း နှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူအချို့ထိခိုက်မှုရှိကြောင်း ၎င်းတို့က​ပြောသည်။

“သစ်ပင်ကြီးတွေဆို အပေါ်ပိုင်းအကုန်ပြတ်ထွက်တယ်။သစ်ပင်လတ်တွေဆို အမြစ်ပါကျွတ်ထွက် သွားတာ။အိမ်တွေဆိုရင်တော့ပြောမနေနဲ့ ခေါင်မိုးတွေအကုန်လန်တယ်။အိမ်ဟောင်းတွေဆိုပြိုတယ်”ဟု ပေါင်မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပေါင်မြို့နယ်၊ပေါင်းရပ်ကွက် နှင့် မိုးနိုင်းရပ်ကွက်၊သထုံ မြို့နယ်နောင်ကုလားအလယ်ရွာ၊ကျိုက်ထိုမြို့နယ် မလော့ချောင်ကျေးရွာ အလယ်ပိုင်းနှင့်ကျွဲတဲအုပ်စု၊သံဖြူဇရပ်မြို့နယ်ဝယ်ကဝါးကျေးရွာအုပ်စု၊နှင့်အောင်ကုသိုလ်ရပ်ကွက်တို့တွင် ​လေဆင်နှာ​မောင်းနှင့် ​လေပြင်းတိုက်ခတ်မှုကိုကြုံခဲ့ရခြင်းဖြစ်သည်။

တောင်စောင်း နှင့် အဝေးပြေးလမ်းတလျှောက် အောက်ဘက်လူနေရပ်ကွက်များ၊နေအိမ်များ သစ်ပင်များ၊ လျှပ်စစ်တိုင်များ၊ဆက်သွယ်ရေးတိုင်များလဲပြိုခဲ့ကြောင်း ဒေသတွင်းလူမှုကူညီရေးအဖွဲ့များကလည်း သတင်းထုတ်ပြန်သည်။

“ကမ်းရိုးတန်းဒေသတွေ ဒီလိုဖြစ်လာမယ်ဆိုတာ ခဏခဏသတိပေးနေတယ်။မိုင် ၄၀ လောက်နဲ့ တိုက်မယ်ဆိုတာ ဒီလ ၁၈ ရက်ကတည်းက သတိ ပေးထားတယ်”ဟု ပြည်တွင်း မိုးလေဝသ အခြေ အနေကို လေ့လာစောင့်ကြည်သူ ဥာဏ်ရက်ချမ်းက ပြောသည်။

ထိုအပြင်ဇူလိုင် ၂၄ ရက်နံနက်အစောပိုင်းကလည်း ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်စည်ပင်ဝင်း၌ ယနေ့ နံနက် ၇ နာရီခန့်တွင် လေဆင်နှာမောင်းတိုက်၍ ကွန်တိန်နာယာဥ်များ တိမ်မှောက်ပျက်စီးမှုများဖြစ်ခဲ့သည်။

သန်လျင်၊ဒဂုံဆိပ်ကမ်း၊သာကေတ၊မဂ်လာဒုံနှင့်ရန်ကင်းမြို့နယ်တို့တွင်လည်း ယနေ့ နံနက်ပိုင်းမှာပင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးအချို့လဲကျ မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်တရုတ်ပင်လယ်မှအပူပိုင်းမုန်တိုင်းအရှိန်နှင့် ဘင်္ဂလားပင်လယ်အော်မှလေဖိအားနည်းရပ်ဝန်းကြောင့် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအများစုတွင် ယခုရက်ပိုင်းမိုးကြီးနိုင်သည့်အပြင် လေပြင်းတိုက် ခတ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့်မြေပြိုခြင်းစသည့်သဘာဝဘေးအန္တရာယ်များသတိပြုရန် အမျိုးသားညီ ညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဒီနေ့ည ၇နာရီဝန်းကျင်မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။။

သတင်း

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ပါ တိုက်ပွဲပြင်းထန်နေ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ လေပြင်းတိုက်ခတ်လို့ ရှေးဟောင်းစေတီတော်တစ်ဆူထီးတော်ပြိုကျခဲ့ပြီး အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်အပါအဝင် ဒေသခုနစ်ခုမှာ နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နိုင်ပြီး လေပြင်း ဘေးအန္တရာယ်ကိုလည်း သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)က သတိပေးပါတယ်။

Facebook