Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးမြို့အနီးတိုက်ပွဲ စစ်တပ်တန်ပြန်ထိုးစစ်ဆင်​၊ အရာရှိအပါအဝင်စစ်သားအ​လောင်း ၇ခုနှင့် လက်နက်ခဲယမ်းအချို့ရဟုမန္တ​လေးPDFထုတ်ပြန်

တော်လှန်​ရေးတပ်များသိမ်းပိုက်ထား​​သောရွာသုံးရွာကိုထိန်းချုပ်ထားဆဲ

​တော်လှန်​ရေးတပ်များသိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများနှင့်စစ်သုံးပစ္စည်းများ။ ဓါတ်ပုံ-MDY-PDF

ဇူလိုင်-၂၄၊၂၀၂၅။People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များက ထိန်းချုပ်ထား​သော မန္တ​လေးမြို့အနီးရှိ ရွာသုံးရွာကို စစ်​ကောင်စီတပ်က​လေ​ကြောင်း ၊ကြည်း​ကြောင်းသုံးတန်ပြန်ထိုးစစ်ဆင်လာ၍တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ထံမှ လက်နက်ခဲယမ်းများ၊ ဒုဗျူဟာမှူးဟုယူဆရ​သော အရာရှိ ၁ ဦးအပါအဝင်စစ်သားအ​လောင်း ၇လောင်းထပ်မံသိမ်းဆည်းရရှိခဲ့သည်။

ထိုအပြင် ​တော်လှန်​ရေးတပ်များထိန်းချုပ်သိမ်းပိုက်ထားသောမတ္တရာမြို့နယ်၊ထန်းပင်ကုန်းကျေးရွာ နှင့် ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာ၊ မြကန်သာကျေးရွာတို့အားစစ်တပ်မှတန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်းတော်လှန်ရေးတပ်ဖွဲ့များမှ အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်သည်ဟု မန္တ​လေး PDF ကထုတ်ပြန်သည်။ အဆိုပါရွာများသည်မန္တ​လေးမြို့​မြောက်ဘက်တွင်တည်ရှိပြီးမြို့နှင့် ၁၅ မိုင်ဝန်းကျင်အကွာ၌ရှိသည်။

ဇူလိုင်လ ၂၁ ရက် မှ ဇူလိုင်လ၂၄ ရက်အတွင်း ဖြစ်ပွါးခဲ့သောတိုက်ပွဲများ နှင့် နယ်မြေရှင်းလင်းမှုများမှ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရရှိခဲ့ပြီး DSA စစ်တက္ကသိုလ်အပတ်စဉ်(၅၄)ဆင်းဖြစ်သူ ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ) နှင့် အခြားစစ်သား ၆ ဦး၏ရုပ်အလောင်းများအား သိမ်းဆည်းရရှိခဲ့သည်ဟု ဓါတ်ပုံနှင့်တကွထုတ်ပြန်သည်။ သတင်းဓါတ်ပုံအပြည့်အစုံကို People’s Spring တယ်လီဂရန် ချန်နယ် https://t.me/PeopleSpring/83103?single တွင်ကြည့်ရှုနိုင်ပါသည်။

Public Service Announcement

Public Service Announcement

ထူးခြားဖြစ်စဉ်အနေဖြင့် ၁၀၂၇ စစ်ဆင်​ရေးတွင် လောက်ကိုင်၌လက်နက်ချခဲ့သော လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ(၂၃၉)တပ်ရင်းသည် စစ်ကောင်စီ၏ ပုသိမ်ကြီးမြို့နယ်အတွင်း တန်ပြန်ထိုးစစ်တွင် ပါဝင်လာခဲ့ကြောင်း သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများ၏ အမှတ်တံဆိပ်အရ သိရှိရ​ကြောင်း မန္တ​လေး PDF က အသိ​ပေးသည်။

တိုက်ပွဲများအတွင်း စစ်တပ်က ဇူလိုင်လ၂၀ရက်နေ့တွင် ဂျက်ဖိုက်တာ (၃)ကြိမ် နှင့် Y-12 (၁)ကြိမ် ၊ ဇူလိုင်လ ၂၁ရက်နေ့တွင် ဂျက်ဖိုက်တာ (၄)ကြိမ် ၊ Y-12 (၃)ကြိမ် နှင့် Mi-35 (၂)ကြိမ် ၊ ဇူလိုင်လ (၂၂)ရက်နေ့တွင် ဂျက်ဖိုက်တာ (၃)ကြိမ် ၊ Y-12 (၂) ကြိမ် နှင့် Mi-35 (၁)ကြိမ် နှင့် ဇူလိုင်လ (၂၃)ရက်နေ့တွင် ဂျက်ဖိုက်တာ (၁)ကြိမ် နှင့် Y-12 (၁)ကြိမ် အသုံးပြု ဗုံးကြဲချတိုက်ခိုက်ခဲ့ကာ ပြင်းပြင်းထန်ထန် တုံ့ပြန်လာခဲ့သည်ဟု​ဖော်ပြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များသည် မည်သို့သော အခက်အခဲများနှင့် ဖိအားများရှိနေစေကာမူ မိမိတို့၏ ပန်းတိုင်သို့ မမှိတ်မသုန် ဆက်လက်ချီတက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်ဟု​ဖော်ပြထားသည်။

အဆိုပါတိုက်ပွဲအတွက် စစ်တပ်က လက်နက်ကြီးပစ်ကူဖြင့် အချက်​ရေများစွာပစ်ခတ်​နေရာ မန္တ​လေးမြို့အတွင်းမှာကြားရ​ကြောင်းလည်း​ဒေသခံများက​ပြောသည်။ထို့အပြင် မြင်းခြံမြို့နယ်မှ ပျူ​စောထီးများအပါအဝင် စစ်ကူများဆက်တိုက်​စေလွှတ်​နေ​ကြောင်းစုံစမ်းသိရသည်။

အထက်ပါ ရွာသုံးရွာရှိ စစ်တပ်စခန်းများသည် မတ္တရာမြို့နယ် အ​ရှေ့ခြမ်းနှင့် မတ္တရာ-မန္တ​​လေးလမ်းကိုစစ်တပ်ကပြန်ထိန်းချုပ်နိုင်ရန် ၂၀၂၄ နှစ်ကုန်မှစ၍ ထိုးစစ်ဆင်​နေ​သော စစ်ဆင်​ရေး၏နောက်တန်းစခန်းများဖြစ်​ကြောင်းစုံစမ်းသိရသည်။ထိုစခန်းများကို ​PDF များက ဇူလိုင်လ (၂၀)ရက်နေ့တွင်သိမ်းပိုက်ခဲ့ရာ တရုတ်နိုင်ငံထုတ် ခဲယမ်းများစစ်သုံးပစ္စည်းများအပါအဝင် ဒရုန်းဂျန်ဘာကားတစ်စီ နှင့် လက်နက်ခဲယမ်းများစွာသိမ်းဆည်းရရှိခဲ့သည်။

ထိုအပြင် စစ်တပ်မှ အရာရှိအပါအဝင်စစ် သုံ့ပန်း(၁၆)ဦး ဖမ်းဆီးရရှိခဲ့ပြီး ရန်သူ့အလောင်း (၁၅) ခု သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာများရရှိသူများပြားခဲ့သည်။

အဆိုပါစစ်ဆင်ရေးအားပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့်အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နှင့် SSTF တပ်ဖွဲ့တို့မှ ပူးတွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။