သတင်း စစ်သင်္ဘောတွေဆန်လာလို့ မန္တလေး-မိုးကုတ် ဇက်ဆိပ်တွေ ယာယီပိတ် စစ်ကောင်စီရေယာဥ်တွေဆန်တက်လာလို့ မန္တလေး-မိုးကုတ်ကူးတဲ့ ဇက်ဆိပ်တွေ ဒီနေ့ကစပြီးယာယီပိတ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။ ludunwayooဇူလိုင် 17, 2025
သတင်း အထက်သို့ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု မင်းကင်းမြို့နယ်ရောက်နေ တော်လှန်ရေးအားကောင်းရာအထက်ပိုင်းဒေသများထံ ရိက္ခာများပို့ဆောင်သည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စုသည် ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာပြီး မင်းကင်းမြို့နယ် ပန်းဆက်ကျေးရွာသို့ ရောက်ရှိနေပြီး ရပ်တန့်ထားကြောင်း အဆိုပါနယ်ရှိ ဒေသခံများက ပြောသည်။ ludunwayooဇူလိုင် 17, 2025
သတင်း တမူးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ လေကြောင်းအန္တရာယ် PDF သတိပေးထား စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။ ludunwayooဇူလိုင် 17, 2025
သတင်း စစ်ကောင်စီကို စစ်ဘက်ရေးရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို သပိတ်မှောက်လုပ်ဖို့ JFM တောင်းဆို ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။ ludunwayooဇူလိုင် 17, 2025
သတင်း မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောအုပ်စု အထက်ကိုစတင်ထွက်ခွာ မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘောတွေ ၊တိုက်ခိုက်ရေး ရေယာဥ်တွေပါတဲ့ ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပြီလို့ မြို့ခံ တွေကပြောပါတယ်။ ludunwayooဇူလိုင် 17, 2025
သတင်း ရေတာရှည်မြို့နယ်ရှိ နေအိမ်များမီးရှို့သည့် စစ်ကောင်စီတပ်ကို PDFပူးပေါင်းတပ် တိုက်ခိုက် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းသို့ စစ်ကြောင်းထိုးလာပြီးပြည်သူများ၏နေအိမ်များမီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟု PDF နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဇူလိုင် ၁၇ရက်)တွင် သတင်းထုတ်ပြန်သည်။ ludunwayooဇူလိုင် 17, 2025
သတင်း စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီးနောက် ကလေး – သိုင်းငင်းလမ်းပိုင်း စတင်သွားလာနိုင် စစ်ရေးအခြေအနေအရ ပိတ်ထားသည့် ကလေး-သိုင်းငင်လမ်းမကြီးကို ယနေ့(ဇူလိုင် ၁၇ရက်)ကစ၍ ပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM စီးယင်းက ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ludunwayooဇူလိုင် 17, 2025
သတင်း ချင်းမိုင်က မြန်မာအများစု ရှိရာစျေးကို အာဏာပိုင်တွေစီးနင်း၊ ၆ ဦးအဖမ်းခံရ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က မြန်မာ အလုပ်သမား အများအပြားရှိတဲ့ စျေးတစ်ခုကို ဒေသ အုပ်ချုပ်ရေးမှူး အမိန့်နဲ့ အာဏာပိုင်တွေက စီးနင်းပြီး စုစုပေါင်း ၆ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ludunwayooဇူလိုင် 17, 2025
သတင်း မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၆)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။ ludunwayooဇူလိုင် 17, 2025
သတင်း ပေါက်မြို့နယ် လေကြောင်းတိုက်ခိုက်မှု အမျိုးသမီး တစ်ဦးသေဆုံး၊ နေအိမ်တွေ ပျက်စီး မကွေးတိုင်း၊ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ludunwayooဇူလိုင် 17, 2025