Connect with us

Hi, what are you looking for?

သတင်း

မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော​​အုပ်စု အထက်ကိုစတင်ထွက်ခွာ

မန္တလေး‌‌မြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော​​တွေ ၊တိုက်ခိုက်​ရေး​ ​ရေယာဥ်​တွေပါတဲ့ ​ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အ​ပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပြီလို့ မြို့ခံ တွေက​ပြောပါတယ်။

ဇူလိုင်-၁၇၊၂၀၂၅။ရှိန်း/People’s Spring

မန္တလေး‌‌မြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ စစ်သင်္ဘော​​တွေ ၊တိုက်ခိုက်​ရေး​ ​ရေယာဥ်​တွေပါတဲ့ ​ရေယာဥ် ၂၂ စီးဟာ ဧရာဝတီမြစ်အတိုင်း အ​ပေါ်ဘက်ကို ဒီနေ့ မနက်စတင်ထွက်သွားပြီလို့ မြို့ခံ တွေက​ပြောပါတယ်။

ဇူလိုင်လ ၁၇ ရက်နေ့၊ မနက်ပိုင်းမှာဧရာဝတီမြစ်က​နေ အထက်ကို ဆန်တက်တဲ့ရေယာဥ်အုပ်စုမှာစစ်သင်္ဘော ၅ စီး နဲ့ တိုက်ခိုက်ရေး ​ရေယာဉ်တွေပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။စစ်သင်္ဘောတွေထဲမှာ မန္တလေးမြို့၊ပုသိမ်ကြီး မြို့နယ်မှာရှိတဲ့ တပ်မ ၃၃ လက်အောက်ခံ အမှတ် ၄ ​ခြေမြန်တပ်ရင်း( ခမရ-၄ )မှာစစ်သင်တန်းပေးထားတဲ့ စစ်မှုထမ်းအပတ်စဉ်၁၃ ၊ ၁၄ ဆင်းစစ်သားသစ် အင်အား ရာဂဏန်းအထက် ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ထဲကအင်အားရာဂဏန်း နဲ့စစ်ဆေးဆရာဝန်၊စစ်အရာရှိ၊ဗျူဟာမှူးတို့ပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

ဒါ့အပြင်လက်နက်ခဲယမ်းတင်လာတဲ့သင်္ဘောတွေလည်းပါဝင်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“လေကြောင်းပစ်ကူပါတယ်။အခုတော့ မြစ်ကမ်း ဘေးရွာတွေကတော့​ရှောင်နေကြပြီ”လို့ ဒေသခံ တဦးကပြောပါတယ်။

ဒီရေလမ်းကြောင်းကိုစစ်ကောင်စီအသုံးမပြုတာ၆ လ ကျော်ကြာခဲ့ပြီးတဲ့နောက်ပထမဆုံးပြန်လည်အသုံးပြုခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

စစ်​ကောင်စီက အရင်က​တော့ ဒီရေလမ်း ကြောင်းကိုအသုံးပြုပြီး​တော့ကသာ၊ထီးချိုင့်၊စဉ့်ကူး၊သပိတ်ကျင်း၊မတ္တရာမြို့နယ်တို့ကို စစ်ကြောင်းထိုးတာတွေ ပြုလုပ်ခဲ့ပါတယ် ။ဒါ​ပေမယ့် ၁၀၂၇ စစ်ဆင်ရေးမှာ စဉ့်ကူးမြို့နယ်ကိုတော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်ဒီရေလမ်းကြောင်းကို စစ်ကောင်စီအသုံးမပြုနိုင်​တော့ပဲရပ်နားထားတာဖြစ်ပါတယ် ။

လတ်တ​လော မြစ်ကမ်းတ​လျှောက်က မတ္တာရမြို့နယ် ၊ သပိတ်ကျင်းမြို့နယ်​တွေမှာတိုက်ပွဲ​တွေပြင်းထန်​နေသလို ဧရာဝတီမြစ်အထက်ပိုင်းကဗန်း​မော်မှာလည်းစစ်တပ်က KIA နဲ့မဟာမိတ်တပ်​တွေရဲ့ ပိတ်ဆို့ဝိုင်းရံမှုကိုခံ​နေရတာပါ။ဒါ​ကြောင့်​ရေယာဥ်အုပ်စုဟာ ဗန်း​မော်ကို စစ်ကူနဲ့ညရိက္ခာ​တွေ ပို့ဖို့လို့ ခန့်မှန်း​ပြော​​နေကြသလို ၊ မတ္တရာ ၊သပိတ်ကျင်းနယ်​တွေကိုစစ်ကူပို့တာလို့ ခန့်မှန်း​ပြောကြားမှူ​တွေလည်းရှိ​နေပါတယ် ။

စစ်တပ်က မိုးရာသီမှာ ဧရာဝတီ မြစ်နဲ့ ချင်းတွင်းမြစ်​ရေကြီးချိန်မှာမြစ်အထက်ပိုင်းကစစ်တပ်စခန်း​တွေကို စစ်ကူနဲ့ လက်နက်ခဲယမ်းရိက္ခာ​တွေပို့ဖို့ ကြံစည်​နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။