Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ်တွင် တိုက်ပွဲဖြစ်၊ လေကြောင်းအန္တရာယ် PDF သတိပေးထား

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

တမူးမြို့နယ်မှ PDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-တမူးPDF

ဇူလိုင်-၁၇၊၂၀၂၅။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်၊ပန်းသာရွာအနီးရှိ ခမိတ်ရွာ၌ ယမန်နေ့ညပိုင်းတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး ​ဒေသခံပြည်သူများလေကြောင်းအန္တရာယ်သတိပြုကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သတိပေးသည်။

ပန်းသာရွာ၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရာမှ ည၁၀နာရီခန့်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခြေအနေကဘာမှပြောလို့မရတဲ့အနေအထားဖြစ်နေပါတယ်။လေကြောင်းအန္တရာယ်ကို သတိပေးထားရတယ်။ လေကြောင်းကလာပြီးတိုက်ခိုက်မှာကို သတိထားဖို့။ညရောမနက်ရောသတိထားဖို့”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ခမိတ်ရွာသည် ပန်းသာရွာနှင့် မိုင်ဝက်ခန့်ဝေးပြီး စစ်ကောင်စီတပ်က ရွာဘေးရှိချောင်းရိုးမှဝင်လာပြီးစတင်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“စစ်ကောင်စီစစ်ကြောင်းမှာကသည်းသူပုန်တွေ၊ ပျုစောထီးတွေပါလာတယ်ဗျ။အင်အားလည်းများတယ်” ဟုဒေသခံသတင်းရင်းမြစ်ကပြောသည်။

ခမိတ်ရွာတွင် ဖြစ်ပွားသောတိုက်ပွဲနှင့်ပတ်သက်၍ တမူးခရိုင် PDFတပ်ရင်းများက သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ဇူလိုင် ၁၇ ရက်နံနက်ပိုင်းတွင် ပစ်ခတ်သံမကြားရတော့ဘဲစစ်ကောင်စီကတမူးမြို့ထဲတွင်စစ်ကြောင်းဖြင့်ကင်းလှည့်နေသည်ဟု ​ဒေသခံအချို့က​ပြောသည်။

တမူးမြို့တွင် ပန်းသာရွာ၊မင်းသာရွာအပြင် နေရာသုံးခု၌ စစ်တပ်ကအခိုင်အမာတပ်စွဲထားပြီး မြို့နှင့် ၆မိုင်ခန့် ဝေးသည့် ပန်းသာရွာ၌ အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်။ ပန်းသာရွာအနီးမှ ခမိတ်ရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာများ၌တော်လှန်ရေးတပ်များစိုးမိုးထား၍လေကြောင်းမှတိုက်ခိုက်ရန် စစ်ကောင်စီဝါဒဖြန့်ချိသူများကလူမှုကွန်ရက်မှတစ်ဆင့်လှုံ့‌ဆော်နေသည်။

တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့တို့ကိုPDF များအပါအဝင် ​တော်လှန်​ရေးတပ်များကထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်။ တမူးမြို့နယ်တွင်ပြီးခဲ့သည့် ၂၀၂၄ အောက်တိုဘာလက တိုက်ပွဲဖြစ်ပွားခဲ့စဥ် စစ်တပ်ဘက်မှ ကသည်းသူပုန်သုံးဦးသေဆုံးပြီးတစ်ဦးအရှင်ဖမ်းမိထားကာကာကွယ်ရေးရဲဘော်သုံးဦးကျဆုံးခဲ့သည်။

ကသည်းသူပုန်ရုပ်အလောင်းသုံးခု နှင့် အရှင်ဖမ်းမိသူတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများက အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်မှ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများထံလွှဲပြောင်းပေးအပ်ခဲ့သည်။ ကသည်းသူပုန်များသည်။ ကသည်းသူပုန်များသည် အိန္ဒိယနိုင်ငံ မဏိပူရ် ပြည်နယ်၌ အိန္ဒိယအစိုးရကို ​တိုက်ခိုက်​နေ​သောအဖွဲ့များဖြစ်​ပြီး မြန်မာ စစ်တပ်နှင့်မူ နှစ်​ပေါင်းများစွာကတည်းကနီးကပ်​သောဆက်ဆံ​ရေးရှိခဲ့သည်။ စစ်တပ်က နယ်စပ်​ဒေသတွင် ကသည်းသူပုန်များကို အ​ခြေချခွင့်ပြုထားသည်။

တဖက်တွင် အိန္ဒိယနိုင်ငံ တပ်မ​တော်မှ​ထောက်လှမ်း​ရေးညွန်ကြား​ရေးမှူးချုပ် ၊ ဒုတိယစစ်ဦးစီးချုပ်(​ထောက်လှမ်း​ရေး) ဦး​​ဆောင်​သောအဖွဲ့သည်ဇူလိုင် ၁၆ ရက်တွင် ​နေပြည်​တော်၌ အာဏာသိမ်းဒု​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးကို​တွေ့ဆုံ​ခဲ့ရာ နှစ်နိုင်ငံနယ်စပ်​ဒေသ လုံခြုံ​ရေး ၊တရားဥပ​ဒေစိုးမိုး​ရေး တို့ကိုပါ​ဆွေး​နွေးခဲ့သည်ဟု စစ်​ကောင်စီဝါဒဖြန့်သတင်းစာများက​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။