Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီးနောက် ကလေး – သိုင်းငင်းလမ်းပိုင်း စတင်သွားလာနိုင်

စစ်ရေးအခြေအနေအရ ပိတ်ထားသည့် ကလေး-သိုင်းငင်လမ်းမကြီးကို ယနေ့(ဇူလိုင် ၁၇ရက်)ကစ၍ ပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM စီးယင်းက ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်မှ ကလေးမြို့သွားသည့် လမ်းဆုံတနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - Chinland News

ဇူလိုင်-၁၇၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ရေးအခြေအနေအရ ပိတ်ထားသည့် ကလေး-သိုင်းငင်လမ်းမကြီးကို ယနေ့(ဇူလိုင် ၁၇ရက်)ကစ၍ ပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) CDM စီးယင်းက ဇူလိုင် ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

မေလ ၁၈ရက်တွင် ကလေးမြို့ရှိ စစ်ကောင်စီတပ်က ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-တီးတိန်မြို့များသို့ ဦးတည်လာသည့် စစ်ကောင်စီတပ်ကို CDF စီးယင်းအပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ် အထိနာပြီး ဇူလိုင် ၅ရက်တွင် ပြန်လည်ဆုတ်ခွာသွားပြီး နှစ်ပတ်ခန့်အကြာတွင် ကလေး-သိုင်းငင်းလမ်းပိုင်းကို ပြည်သူများ သွားလာခွင့် ပြန်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

စစ်ရေးအရ တလကျော် ပိတ်ထားသော ကလေး-သိုင်းငင်းလမ်းမကြီးကို ခရီးသွားပြည်သူများ ပြန်လည်အသုံးပြုနိုင်ကြောင်း CDF စီးယင်းက အသိပေးထားသော်လည်း စစ်ရေးအခြေအနေနှင့် လမ်းပိုင်းလုံခြုံရေး အပါအဝင် အသေးစိတ်အချက်အလက်များ ဖော်ပြမထားပေ။ ထို့ကြောင့် ဒေသ အခြေအနေကို မေးမြန်းရန် CDF စီးယင်း တာဝန်ရှိသူထံသို့ ဆက်သွယ်ထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

CDF စီးယင်းပါဝင်သည့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်သည် ချင်းမြောက်သို့ အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို မေလမှစ၍ ခုခံတိုက်ခိုက်ခဲ့ရာ ကလေး-သိုင်းငင်းကြားရှိ မွှာလ်ပီးရွာအနီးတ၀ိုက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသည့် ယခု ဇူလိုင်လဆန်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သုံ့ပန်း၊ အလောင်းနှင့် လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော်(CNA)မှ ရဲဘော်အချို့၊ ဒေသကာကွယ်ရေးတပ်မှ ရဲဘော်အချို့ ကျဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ ကလေး-သိုင်းငင်းကြား တိုက်ပွဲတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ် နှင့်အတူ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းအချို့လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။