Connect with us

Hi, what are you looking for?

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ် ၊၊ ။ (The...

သတင်း

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

လူတစ်စုကဖမ်း​ခေါ်သွားတာ​ကြောင့်​​ အမြန်လမ်းတ​နေရာမှသွား​ခေါ်ခဲ့ရဟုစုံစမ်းသိရ

သတင်း

ထားဝယ်မြို့၊ တံခွန်ငါးစျေးအနီး လက်နက်ကြီး အထိုင်ချထားသည့် စစ်ကောင်စီတပ်ကို မဟာ မိတ်တပ်ဖွဲ့နှင့်အတူ သွားရောက်တိုက်ခိုက်ခဲ့ရာ စီကောင်စီတပ်ဗျူဟာမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း Special Guerrilla Force - SGF က ယနေ့(ဇွန်လ ၆ ရက်)ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ်မြို့တော် ဘားအံမှာ လိုင်စင်မဲ့ ကားတွေကို စစ်ကောင်စီက ဖမ်းဆီးနေပေမယ့် အပစ်ရပ်ထားကြတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ ဖမ်းဆီးတာမရှိဘူးလို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှ ပြည်ထောင်စုအထူးသယံဇာတအဖွဲ့သည် အလွဲသုံးစားမှုများပြုလုပ်နေသဖြင့် NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

သတင်း

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှ အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်မှုကျူးလွန်ခဲ့သည်ဟု သံသယရှိ (၈) ဦးအား တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (DLEPS)က ဖမ်းဆီးစစ်ဆေးနေကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

သတင်း

ပြည်တွင်းရွှေစျေး တစ်ကျပ်သား ၇၈ သိန်းနားကပ်လာပြီး ဒေါ်လာငွေလဲနှုန်းလည်း စျေးတက်လာနေကြောင်း ရွှေနှင့်ငွေစျေးကွက်မှ အရောင်းအဝယ်ပြုလုပ်နေသူအချို့က ပြောသည်။

သတင်း

ဇွန်-၆၊၂၀၂၅။ထားမြတ်/People’s Spring မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌၊ကျက်ရိုးပင်ကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီလေကြောင်းမှဗုံးကြဲခဲ့၍ သံဃာတပါး ပျံလွန်တော်မူခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။ ဇွန်လ၅ရက်ညနေ ၅နာရီ ၁၇မိနစ်အချိန်တွင်တံတားဦးတက်ဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ရာဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ဟုဖော်ပြသည်။ စစ်ကောင်ဆီကငလျင်ဘေးအကြောင်းပြပြီးအပ စ်အခတ်ရပ်စဲရေး ကြေညာချက်ကို ဇွန်လကုန်အထိ သက်တမ်းတိုးထားပြီးနောက်သပိတ်ကျင်းမြို့နယ်ကို ဒုတိယအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဇွန်လ...

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများ၌ ပညာရေးစနစ်ဖော်ဆောင်ရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရကရေးဆွဲထားသည့်ပညာရေသင်ရိုးညွှန်းကို တအာင်းပြည်ပညာရေးကောင်စီ(TLEC) က ပြန်လည်ပြင်ဆင်ပြီး အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

သတင်း

ဖူးခက်ကျွန်းမှာ သောင်တင်ရာက နောက်ဆက်တွဲ နစ်မြုပ်သွားတဲ့ မြန်မာ စက်လှေကြောင့် ရေအောက် သန္တာကျောက်တန်းတွေနဲ့ ဂေဟစနစ် ထိခိုက်ခဲ့မှုအတွက် ဘတ် ၁၂ သန်းထက်မနည်း နစ်နာကြေး တောင်းဆိုဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပါတယ်။

သတင်း

အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ရှင်းလင်းခံရမှုတွင်ပါဝင်ခဲ့သည့် ရဲဘော်များအားလုံးဘေးကင်းပြီး စစ်ကောင်စီ၏ လုပ်ကြံဇာတ်လမ်းဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း Golden Valley Warriors အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

(၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင်စစ်အုပ်စု(စစ်ကောင်စီ)ကို အရေးယူရန်ဆုံးဖြတ်ချက်သည် မြန်မာပြည်သူလူထု၏ အောင်ပွဲဖြစ်​ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကယနေ့ ညတွင်ထုတ်ပြန်လိုက်သည်။

Facebook