Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်မီးကြောင့်နေအိမ် ၈ လုံးပြာကျ

ငလျင်ဒဏ်သင့် မန္တလေးမြို့လယ်မှာ မနေ့ညက လောင်တဲ့မီးကြောင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဥ်။ ဓာတ်ပုံ-MFSD

ဇူလိုင်-၂၀၊၂၀၂၅။မေရီ/People’s Spring

ငလျင်ဒဏ်သင့် မန္တလေးမြို့လယ်မှာ မနေ့ညက လောင်တဲ့မီးကြောင့် နေအိမ် ၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ဇူလိုင်၁၉ ရက်ည ၈ နာရီဝန်းကျင်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ ၇၁လမ်းနဲ့ ၇၂ ကြားမှာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မီးတောက်တွေဟာ ကြီးမားလွန်းတာကြောင့် တမြို့လုံးနေရာအနှံ့က လှမ်းမြင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နာရီဝက်နီးပါး လောင်ကျွမ်းခဲ့တဲ့ အဲဒီမီးကြောင့် နေအိမ် ၈ လုံးထက်မနည်းမီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မီးသတ်တွေက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဘာမှကိုမရလိုက်ကြဘူးပြောတယ်။လူလွတ်အောင်ထွက်ပြေးကြရတာတဲ့။”လို့ မီးဘေးသင့်ရပ်ကွက်အနီး နေထိုင်သူတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ မီးသတ်ဦးစီးဌာနကနေ ထုတ်ပြန်တာကတော့ နေအိမ်တစ်လုံးမှာ ​Bluetooth Speaker Boxအားသွင်းရင်းဘက်ထရီမီးလောင်ရာကနေ စတင်မီးလောင်ကျွမ်းခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်သင့်မန္တလေးမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း ဘားတစ်ခုမီးလောင်ကျွမ်းရာက ဆိုင်ဝန်ထမ်း အမျိုးသမီးငယ် ၄ ဦး အသက်ဆုံးရှုံးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ ဆိုင်ခန်းခတွေ စျေးအဆမတန် မြင့်တက်သွားလို့ စျေးသည်တွေ အခက်အခဲတွေ့နေပါတယ်။

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

Facebook