Connect with us

Hi, what are you looking for?

သတင်း

ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကျောင်းသူ အင်းစိန်ထောင်မှာကျဆုံး

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ဒီနေ့ (ဇူလိုင်လ ၂၀ ) မနက်ပိုင်း မှာ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

ဇူလိုင် – ၂၀ ၊၂၀၂၅၊ဆိုင်းမင်း၊​ကျော်စွာ/People’s Spring

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ဒီနေ့ (ဇူလိုင်လ ၂၀ ) မနက်ပိုင်း မှာ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

ဆုံးပါးချိန်မှာ အသက် ၂၅ နှစ်အရွယ်သာရှိသေးတဲ့မဝတ်ရည်အောင်ဟာ စစ်ကြောရေးက နှိပ်စက်ညှင်းပန်းမှုဒဏ် ၊ ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်မရတာတွေကြောင့် ဆုံးပါးတာလို့ ကနဦးသိရပါတယ်။

“ကနဦးသိထားတာက တက်ပြီးမှဆုံးသွားတယ်၊ သူက တက်ပြီးသွားရင် မေ့လဲသွားတာတွေရှိတယ်၊ ကျန်းမာရေးအခြေနေအသေးစိတ်ကတော့ အတည်ပြုနေဆဲဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောရေးမှာနှိပ်စက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဦးနှောက်အကျိတ်တည်တာ ၊ တက်တာ ၊ သတိလစ်တာ စတဲ့ ဝေဒနာတွေ ခံစားခဲ့ရတယ်လို့သိရပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ သတ္တဗေဒ-ဒုတိယနှစ်ကျောင်းသူ မဝတ်ရည်အောင်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ အခြားကျောင်းသားငါးဦးနဲ့အတူ ကျောက်တံတားမြို့နယ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကိုခံ ခဲ့ရတာပါ။ဖမ်းဆီး

ခံရပြီး နိုင်ငံဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင် ၃ နှစ်ချပါတယ်။

အဲဒီနောက်၂၀၂၃ခုနှစ် ၊ ဇွန်လ၂၇ရက်မှာ အကြမ်းဖက်ပုဒ်မ ပုဒ်မ၅၂ (က) ဖြင့် ထောင်ဒဏ် ၄ နှစ်ထပ်ချတာကြောင့် မဝတ်ရည်အောင်ဟာ စုစုပေါင်းထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရတာပါ။

မဝတ်ရည်အောင်ကို အင်းစိန်ထောင်ကနေ ပဲခူးတိုင်း ဒိုက်ဦးထောင်ဆီ ထောင်ပြောင်းခဲ့ပါသေးတယ်​။ဒိုက်ဦး​ထောင်မှာကျန်းမာရေးအခြေ

အနေ ဆိုးရွားလာတဲ့အတွက် ပြင်ပဆေးရုံမှာ ဆေးဝါးကုသခွင့် တောင်းခံခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့က အသိပေးပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီက ဆေးဝါးကုသမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အင်းစိန်အ ကျဉ်းထောင်ကို ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။အင်းစိန်

ထောင်ကို ပြန်လည်ရောက်ရှိချိန်မှာ ဆုံးပါးသွားတာလို့သိရပါတယ်။

ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့ မဝတ် ရည်အောင်ကို ​ထောင်အကြိမ်ကြိမ်​ပြောင်းပြီး အကျဉ်းဦးစီးဌာနက လုံလောက်တဲ့ဆေးဝါးကုသခွင့် မပေးခဲ့ဘဲ အယောင်ပြလုပ်ဆောင်မှုသာရှိခဲ့တာဟာ စစ်ကောင်စီနဲ့အကျဥ်းဦးစီးဌာနတို့မှ နိုင်ငံရေးအကျဥ်းသားအကျဥ်းသူတွေအပေါ် ရည် ရွယ်ချက်ရှိရှိ ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေတာဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသူများအဖွဲ့ကထောက်ပြပါတယ်။

“ကျန်းမာရေးအခြေအနေဆိုးဝါးနေတဲ့မဝတ်ရည်အောင်ကျဆုံးခဲ့ရတာလုံလောက်တဲ့ဆေးဝါးကုသခွင့်မပေးခဲ့အတွက် အဓိက တာဝန်ရှိတဲ့သူတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့လုပ်ရပ်တွေကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့ကနေ ဆက်လက်ဖော်ထုတ်သွားမှာဖြစ်ပါတယ်”လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက People’s Springကို သဘောထားမှတ်ချက် ပေးပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကလည်း ထောင်ထဲမှာ မတရား ဖိနှိပ်မှု၊ အတင်းအဓမ္မ နှိပ်စက်မှု၊ ကျန်းမာရေး စောင့်ရှောက်ခွင့်မပေးတာတွေကို ခံစားနေရပြီး စစ်ကြောရေးရဲ့ အကြမ်းဖက် နှိပ်စက်မှုတွေကြောင့် မဝတ်ရည်အောင်ဟာ ကျန်းမာရေးဆိုးဝါးနေပြီး စိုးရိမ်ရတဲ့အနေအထားရှိတယ်လို့ ၂၀၂၃ ခုနှစ်ကတည်းက ထုတ်ပြန်အသိပေးထားခဲ့ပါတယ်။

စစ်တပ်ရဲ့တကျော့ပြန်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ လုံလောက်တဲ့ ကျန်းမာရေး ကုသမှုခွင့် နဲ့ ဆေးဝါး မရတာကြောင့် ၂၀၂၃ခုနှစ်ကနေ ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၀ရက်အထိအသက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊သူ ၅၉ဦးထိရှိခဲ့တယ်လို့ PPNM ရဲ့ စာရင်းအရသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းနဲ့သာဖြေရှင်းဖို့ စစ်ရေးနည်းနဲ့ မဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂ အင်အားစုတွေက ဒီကနေ့ ဇွန် ၂၇ရက်မှာ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။