Hi, what are you looking for?
ဘူလ်ဂေးရီးယား ကမ်းလွန် ပင်လယ်နက် ရေပြင်မှာ ဒရုန်းတိုက်ခိုက်မှုကြောင့် အရပ်ဖက် ကုန်တင်သင်္ဘောတစ်စီး နစ်မြုပ်သွားပြီး သင်္ဘောသား ၁၁ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပါတီအားလုံးပေါင်း လွှတ်တော်နေရာ ၁၀ရာခိုင်နှုန်းပင် မရှိတဲ့၊ လူထုထောက်ခံမှုမရှိတဲ့ နိုင်ငံရေးပါတီတွေက အာဏာသိမ်းစစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။
ဇွန်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က အင်အားအဆမတန်သုံး၍ ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် ပြည်သူများအနေဖြင့် မိုးဗြဲမြို့ရှိအဓိက မိန်းလမ်းမကြီးအား လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုက ယနေ့ညတွင်သတိပေးထုတ်ပြန်သည်။ အဓိကလမ်းမကြီးကို ပြည်သူများလုံးဝအသုံးမပြုရန် အပြင် မိုးဗြဲ မြို့အနီးနားရှိကျေးရွာလူထုအနေဖြင့် စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။ မိုးဗြဲ...