Connect with us

Hi, what are you looking for?

သတင်း

ရေးရှိ ခမရ (၃၄၃)၏ စခန်းကုန်းတစ်ခုကို ​ရေးဘီလူး သိမ်းပိုက်၊​ တော်လှန်​ရေးရဲ​ဘော်၁ဦးကျဆုံး

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ အမှတ်-၃၄၃ခြေမြန်တပ်ရင်း (ခမရ ၃၄၃)တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ ကြောင်း ရေးဘီလူး တပ်ရင်း ခေါင်ဆောင်က လူထုနွေဦး သို့ပြောသည်။

​ရေးဘီလူး တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ရေးဘီလူး

ဇူလိုင်-၁၊၂၀၂၅။ရဲခေါင်/People’s Spring

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ အမှတ်-၃၄၃ခြေမြန်တပ်ရင်း (ခမရ ၃၄၃)တပ်ဝင်းရှိ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိ ကြောင်း ရေးဘီလူး တပ်ရင်း ခေါင်ဆောင်က လူထုနွေဦး သို့ပြောသည်။

ယနေ့(ဇူလိုင် ၁ ရက်) နံနက် ၅ နာရီခန့်က အာယုတောင်ကျေးရွာရှိ စစ်ကောင်စီတပ်သား ၂၀ ဝန်း ကျင်ရှိသော စခန်းကုန်းကို သိမ်းပိုက်မှု တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ကာ​တော်လှန်​ရေးတပ်ဖွဲ့ဝင် ၁ ဦးကျ ဆုံးခဲ့ရသည်ဟုသိရသည်။

“စကစ အလောင်း dead body တွေရော၊လက်နက် တွေရောက သိမ်းဆည်းရမိမှုမရှိခဲ့ဘူး။တပ်ဝင်းနဲ့က အရမ်းနီးတော့ ကျွန်တော်တို့ထပ်ပြီးရုန်းမရတော့ဘူး။စခန်းကုန်းကိုပဲကျွန်တော်တို့ရခဲ့တယ်။သူတို့ကခံပစ်မနိုင်တဲ့အခြေအနေမှာစခန်းကို ဆုတ်ပြီး ပြေးသွားကြတာ”ဟုအထက်ပါအဖွဲ့ခေါင်းဆောင်က တိုက်ပွဲ ဖြစ်စဥ်ကိုရှင်းပြသည်။

Public Service Announcement

Public Service Announcement

​ရေးဘီလူး တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-​ရေးဘီလူး

အာယုတောင်ကျေးရွာရှိစခန်းကုန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားခြောက်ဦးခန့် သေဆုံးနိုင်သည်ဟု၎င်းကခန့်မှန်းသည်။

ထို့အတူ ရေးဘီလူးတပ်ရင်းမှ ရဲ​ဘော်ထက်မြတ်မောင် (ခေါ် ) အသေးလေးသည်လည်း တိုက်ပွဲအတွင်းကျဆုံးခဲ့ကြောင်း အသိပေးသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ်ရင်းများဖြစ်သည့် ခလရ-၆၁၊ ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ -၂၈၇ နှင့် အမှတ်(၃၁၆)အမြောက်တပ်ရင်း (အမတ ၃၁၆)တို့ရှိသည်။

ရေးမြို့နယ်အခြေစိုက်စစ်တပ်စခန်းနှင့်တပ်ရင်းများကို တိုက်ခိုက်မှုအရှိန်မြှင့်တင်မည်ဖြစ်၍ တပ်ရင်းအနီး နေထိုင်သူများအနေဖြင့်ကြိုတင်ရွှေ့ပြောင်းရန်လည်း ရေးဘီလူးကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေဘေးသင့်ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို တော်လှန်ရေးရဲဘော်တွေက လှေနဲ့ကယ်ထုတ်ပြီး ကလေးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ အခြေစိုက်(ခလရ-၃၁)ကာကင်းကို ပြောက်ကျားတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။