Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ် ထိုးစစ် ​နောင်ချိုမြို့နဲ့ ၄ မိုင်​ကျော်အထိ​ရောက်လာ

စစ်တပ်က ဇွန် ၃၀ မှာမျက်ချင်းနု နဲ့ နောင်ဩရွာကိုသိမ်းပိုက်ခဲ့တယ်လို့ ​ဒေသခံအချို့​ပြော

ဇွန်-၃၀၊ ၂၀၂၅။ People’s Spring

စစ်​ကောင်စီတပ်က နောင်ချိုမြို့ကိုပြန်သိမ်းဖို့ ထိုးစစ်ဆင်​နေတာမှာ ဒီက​နေ့မှာမျက်ချင်းနုရွာနဲ့ နောင်ဩရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့နဲ့ ၄ မိုင်​ကျော်အကွာအ​ဝေးထိ​ရောက်လာပါတယ်။

ဒီကနေ့(ဇွန်လ ၃၀ရက်)မှာစစ်တပ်က နောင်ချိုမြို့တောင်ဘက်က (၄)မိုင်ကျော်ပဲဝေးတဲ့မျက်ချင်းနုရွာ နဲ့ နောင်ဩရွာ ကို သိမ်းရသွားတာလို့ နောင်ချိုဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က မျက်ချင်းနုနဲ့ နောင်ဩရသွားတာ ဟုတ်တယ်”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။ မျက်ချင်းနုနဲ့ နောင်ဩရွာဟာ ကပ်လျက်တည်ရှိပါတယ်။ အဲဒီ ၂ ရွာ လုံးဟာတောင်းခမ်း – ကံကြီး – နောင်ချိုလမ်းပိုင်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကလည်း မျက်ချင်းနု နဲ့ နောင်ဩကျေးရွာကိုသိမ်းပိုက်ရပြီလို့ ရေးသားပြီး ဓါတ်ပုံ​တွေနဲ့ ဖြန့်​ဝေ​နေပါတယ်။ မျက်ချင်းနု ရွာမှာ TNLA တပ်ဖွဲ့ဝင် ၃ ဦး နဲ့နောင်သြရွာမှာ TNLA တပ်ဖွဲ့ဝင် ၈ ဦးရဲ့ရုပ်အ​လောင်းနဲ့ လက်နက်ခဲယမ်း​တွေ သိမ်းဆည်းရရှိတယ်လို့ စစ်တပ်​ဝါဒဖြန့်ချန်နယ်​တွေက ဝါဒဖြန့်​နေကြတာကို​တွေ့ရပါတယ်။

TNLA က​တော့ ဇွန် ၃၀ ရက်​နေ့ ​နောင်ချိုတိုက်ပွဲအ​ခြေအ​နေကို သတင်းထုတ်ပြန်ခြင်းမရှိ​သေးပါဘူး ။

နောင်ချိုမြို့ကို သိမ်းပိုက်ထားတဲ့တအာင်းတပ်မတော်(TNLA)အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ကိုင်းငလျင်ကြီးဘေးကြောင့် ပြန်လည်ထူ​​ထောင်​ရေးလုပ်ငန်း​တွေလုပ်ဖို့ဇွန်လကုန်အထိ တစ်ဖက်သတ်အပစ်ရပ်တယ်လို့ကြေညာထားပါယ် ။ဒါ​ကြောင့်ဇွန်လ ၃၀ရက်​နေ့ဟာ အပစ်ရပ်နောက်ဆုံးနေ့ဖြစ်ပါတယ်။

TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က ဇွန် ၂၆ ရက်​နေ့က People’s Spring နဲ့ ​မေးမြန်းခန်းမှာ TNLA ​နောင်ချိုမြို့ကို ပြန်​ပေးမှာ မဟုတ်ပဲ အပစ်ရပ်​ကြေညာထားတာမို့ ခုခံစစ်တိုက်တာပဲရှိပြီး တန်ပြန်ထိုးစစ်ဆင်တာ မရှိဘူးလို့​ပြောပါတယ် ။

ဇွန်လဆန်းက သတင်းစာရှင်းလင်းပွဲမှာ TNLA ​ပြော​ရေးဆိုခွင့်ရှိသူက စစ်တပ်ကထိုးစစ်ဆင်လာ​ပေမယ့် ပြည်သူ​တွေ မစိုးရိမ်ကြဖို့ ၊ TNLAက စစ်ဗျူဟာအတိုင်းလုပ်​နေတာလို့​ဖြေကြားခဲ့ပါတယ် ။

ဒါ​ပေမယ့်စစ်တပ်ထိုးစစ်ဟာမြို့နဲ့ တဖြည်းဖြည်းနီးလာပြီး ၊စစ်တပ်က​လေ​ကြောင်းပစ်ကူအများအပြားသုံးတဲ့အပြင် ​မြေပြင်က အင်အား​ထောင်ချီသုံးထိုးစစ်ဆင်​​နေတာလို့ DPLA ကတာဝန်ရှိသူက​ပြောထားပါတယ်။ ​တော်လှန်​ရေးတပ်​တွေက အ​ကောင်းဆုံးခုခံ​နေပြီး ပြည်သူ​​တွေ အစိုးရိမ်မလွန်ကြဖို့ DPLA ကတာဝန်ရှိသူကလည်း ဇွန် ၂၅ ရက်​နေ့က​ပြောပါတယ် ။စစ်တပ်ရဲ့ ထိုးစစ်ကို TNLA ၊ DPLA နဲ့ မဟာမိတ်​တွေက ခုခံတိုက်ခိုက်​နေတာဖြစ်ပါတယ် ။

နောင်ချိုမြို့ဟာ စစ်ရေးဗျူဟာအရ အလွန်အရေးပါနေလို့ စစ်တပ်အတွက် ​နောင်ချိုရရင် အဲ​ဒေသကို အ​ခြေပြုပြီး ရှမ်း​မြောက်ကို ထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက် အလွန်အ​ရေးပါ​နေပါတယ်။ ဒါ့ကြောင့် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေကစပြီး နောင်ချိုမြို့ဆီကို စစ်ကြောင်းသုံးကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်​​နေတာ​ကြောင့် တိုက်ပွဲ​တွေ ​နေ့စဥ်ပြင်းထန်​ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က အာရက္ခဒေသအတွင်း ကြည်း၊ ရေ၊ လေပူးပေါင်းစစ်ဆင်ရေးများပြုလုပ်လျက်ရှိနေပြီး ကျောက်ဖြူမြို့နယ်အတွင်းထိုးစစ်များကို အခုနှစ်မတ်လဆန်းက စတင်ပြီး ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ထိရောက်မှုမရှိဘဲ အထိအခိုက် အကျအဆုံးများကိုသာ ရင်ဆိုင်ခဲ့ရကြောင်း အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ နဲ့ နောင်ချိုမြို့ကနေ ဆုတ်ခွားပေးလိုက်ရတဲ့အပေါ် သင်ခန်းစာတွေရယူပြီး လိုအပ်တဲ့ပြင်ဆင်မှုနဲ့ အားသာချက်၊အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ တအာင်းတပ်မတော်(TNLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက လူထုနွေဦးကို ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့ကနေ ဆုတ်ခွာပေးလိုက်ရပြီး လူအင်အားနဲ့ လက်နက်ခဲယမ်း မမျှတတာကြောင့် ဆက်လက်ခုခံဖို့ ခက်ခဲနေတာကြောင့် ခေတ္တဆုတ်ပေးလိုက်ရတာလို့ တအာင်းတပ်မတော်(TNLA)က ပြောကြားပါတယ်။

သတင်း

ကျောက်မဲနဲ့နောင်ချိုမြို့နယ်အတွင်း နေရာ၅ခုမှာ တိုက်ပွဲဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ်လုံဝယ်ကျေးရွာကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအပါအဝင် ဗုံးအလုံး၃၀ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAကဒီ‌ကနေ့ညမှာသတင်းထုတ်ပြန်ပါတယ်။