Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အင်အားအဆမတန်သုံး၍ မိုးဗြဲမြို့အတွင်းထိုး​ဖောက်လာ၍ မြို့တွင်းရှိအဓိကမိန်းလမ်းမကြီးကို ပြည်သူများလုံးဝအသုံးမပြုရန် ရှမ်း​တောင်ကရင်နီတပ်​ပေါင်းစုသတိ​ပေး

ဇွန်-၃၀၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းတောင် နှင့် ကရင်နီပြည်နယ် အစပ်ရှိ မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က အင်အားအဆမတန်သုံး၍ ထိုး​ဖောက်ဝင်ရောက်လာခြင်းကြောင့် ပြည်သူများအ​နေဖြင့် မိုးဗြဲမြို့ရှိအဓိက မိန်းလမ်းမကြီးအား လုံးဝ ဖြတ်သန်းသွားလာခြင်းမပြုရန်ရှမ်းတောင်ကရင်နီတပ်ပေါင်းစုက ယနေ့ညတွင်သတိ​ပေးထုတ်ပြန်သည်။

အဓိကလမ်းမကြီးကို ပြည်သူများလုံးဝအသုံးမပြုရန် အပြင် မိုးဗြဲ မြို့အနီးနားရှိကျေးရွာလူထုအနေဖြင့် စစ်ရေးသတိဖြင့်သွားလာနေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။

မိုးဗြဲ မြို့ကို ပြန်လည်းသိမ်းပိုက်နိုင်ရန်ထိုးစစ်ဆင်နေသော စစ်ကောင်စီကို ရှမ်းတောင်ကရင်နီတပ်ပေါင်းစုက လ​ပေါင်းများစွာအပြင်းအထန်တိုက်ခိုက်ခုခံ​နေခြင်းဖြစ်သည်။ရှမ်း​တောင် ကရင်နီတပ်​ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် -KNDF၊ DMO Local PDF၊ရှမ်းတောင်ဗျူဟာ ၁ ၊ မိုးဗြဲ Local PDF နှင့် ကရင်နီပြည် ပြည်သူ့လွတ် မြောက်ရေးတပ်မတော်- KPLA တို့ပါဝင်သည်။

Public Service Announcement

Public Service Announcement

“မိုးဗြဲအခြေအနေကတော့နောက်ဆုံးအဆင့်မဟုတ်သေးပေမယ့် အဆုံးအဖြတ်ဖြစ်လာမယ့် အဆင့်ထိရောက်နေတယ်။စကစ က အင်အား ရာနဲ့ချီ ကို သုံးပြီးတက်လာတာ။လေယာဥ်တွေလည်းပါတယ်”ဟု မိုးဗြဲ မြို့ရှိစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ကရင်နီတပ်​ပေါင်းစုက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ခမရ ၄၂၂ မှအပ မိုးဗြဲမြို့နှင့် မြို့ရှိစစ်တပ်စခန်းများကိုသိမ်းပိုက်ထိန်းချုပ်ခဲ့သည်။စစ်တပ်ကမြို့ကို ပြန်သိမ်းနိုင်ရန် စစ်​ကောင်စီတပ်က ၂၀၂၄ ဒီဇင်ဘာလမှထိုးစစ်ဆင်​နေခြင်းဖြစ်သည်။

မိုးဗြဲမြို့မြောက်ဘက်ခြမ်း ၏ နှစ်မိုင်ကျော်အကွာရှိ မြို့စောင့်တပ် ခမရ ၄၂၂ မှတဆင့် မြို့တွင်းသို့ဝင်ရောက်ရေးအတွက် စစ်ကောင်စီသည် အင်အား ၇၀၀ ထက်မနည်းအသုံးပြုလျက်ရှိကြောင်း ကရင်နီပူးပေါင်းတပ်တာဝန်ရှိသူများက ပြောထားသည်။

စစ်တပ်က လေကြောင်း၊မစ်ဇိုင်းဒုံးများ နှင့် ၁၂၀ မမ လက်နက် ကြီးများကို အများအပြားအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ဇွန်လ ၁၄ ရက်နောက် ပိုင်းကစ၍ တိုက်ပွဲများမှာ ပို၍ပြင်းထန်ခဲ့သည်။

“မိုးဗြဲ မြို့ အပြင်ကို ဖယ်ခုံ အင်းအရှေ့ဘက်ခြမ်းမှာပါ စကစ နဲ့ PNO ပြည်သူ့စစ်ရဲ့ထိုးစစ်ကို တော် လှန်ရေးအင်အားစုတွေက ရင်ဆိုင်နေကြတယ်။စစ်မျက်နှာနှစ်ခုစလုံးမှာက စစ်ကောင်စီဘက်က အင်အား နှစ်ထောင်လောက်သုံးထားတယ်လို့ခန့်မှန်းရတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲ မဖြစ်ခဲ့စဥ်က လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သော မိုးဗြဲ မြို့သည် နေပြည် တော်သို့ နာရီပိုင်းအတွင်းရောက်နိုင်သည့် ပင်လောင်း-ဖယ်ခုံ -(မိုးဗြဲ)-လွိုင်ကော် လမ်းပိုင်းပေါ်တွင်ရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာ ရေကြီးနစ်မြုပ်မှုဆက်တိုက်ရင်ဆိုင်နေရပြီး ယမန်နေ့(‌ဇွန်လ ၆ရက်)ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးမှုဖြစ်ခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။