သတင်း တောင်းခမ်း နှင့် ဘန့်ဘွေး၊ ဂန့်ဂေါရွာအနီး တိုက်ပွဲများဆက်ဖြစ်နေ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၌ အမြောက်တပ်များရှိသော တောင်းခမ်းရွာနှင့် ပြင်ဦးလွင်မြို့နယ်အစပ် ဘန့်ဘွေးနှင့် ဂန့်ဂေါရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။ ludunwayooမတ် 9, 2025
သတင်း မန္တလေး-မတ္တရာကားလမ်းချဲ့ဖို့ဆိုပြီး နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို စစ်တပ် ဖျက်ဆီး မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာကနေအိမ်တွေကို လမ်းနယ်နိမိတ်နဲ့မလွတ်လို့ဆိုပြီး စစ်တပ်က နေအိမ်နဲ့ ဈေးဆိုင်ခန်း တွေကို ၃ရက်ဆက်တိုက်ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooမတ် 9, 2025
သတင်း ကျိုက်ထို – ဘီးလင်းလမ်းပိုင်း၌ စစ်ယာဉ်တန်းတပ်တိုက်ခိုက်မှု အရာရှိအပါအဝင် စစ်ကောင်စီတပ် လေးဦးသေဟု တောင်ပိုင်းစစ်ဒေသ အသိပေး ရန်ကုန် - မော်လမြိုင်လမ်းမကြီး ကျိုက်ထို-ဘီးလင်းလမ်းပိုင်း၌ စစ်ကောင်စီ၏ ယာဉ်တန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄ဦး သေဆုံးခဲ့ကြောင်း နဂါးဖြူစစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသက ယနေ့(မတ်လ ၈ရက်)ထုတ်ပြန်အသိပေးသည်။ ludunwayooမတ် 9, 2025
သတင်း ဆားလင်းကြီးမြို့ပေါ် စစ်ကောင်စီအထိုင်ချ နေရာ ၂နေရာကို လက်နက်ကြီး အလုံးရေ ၂၀ ကျော် ပစ်ခတ်တိုက်ခိုက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်က စစ်ကောင်စီအထိုင်ချ နေရာ၂နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ချင်းတွင်းဒိုင်းနမိုက်(SaIingyi)အဖွဲ့ ဦးဆောင်သူ ကိုဗိုက်က ပြောပါတယ်။ ludunwayooမတ် 9, 2025
သတင်း ဓညဝတီရေတပ်ဌာနချုပ်အနီးတိုက်ပွဲပြင်းထန်၊ AA နှင့် စစ်ကောင်စီဒရုန်းတိုက်ပွဲဆင်နွှဲ ကျောက်ဖြူမြို့နယ်တွင် ဓညဝတီရေတပ်ဌာနချုပ်အနီး ဦးကင်းကျေးရွာသို့ ဝင်ရောက်မီးရှို့သည့် စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော်(AA)က တိုက်ခိုက်ပြီးနောက်ပိုင်းစစ်ကောင်စီတပ်ပြန်ဆုတ်ခွာသွားပြီ ဒရုန်းများအပြန်အလှန်သုံး၍တိုက်ပွဲဖြစ်ပွားနေသည်။ ludunwayooမတ် 9, 2025
သတင်း ဖယ်ခုံမြို့နယ်တွင် သတ်ဖြတ်ခံရသည့် ကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယတို့အမှု တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရေး ဖော်ထုတ်မည်ဟု IEC ထုတ်ပြန် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ အုံတိုင်းကျေးရွာတွင် သတ်ဖြတ်ခံရသည့် ဆရာတော်နှင့် ကပ္ပိယတို့အမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရေး အသေးစိတ်ဖော်ထုတ်မည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့(မတ်လ ၈ ရက်)တွင်ထုတ်ပြန်သည်။ ludunwayooမတ် 9, 2025
သတင်း ပုဂံမြို့ ကျောက်ပြင်ကန်ရွာကနေအိမ်တွေ စစ်အုပ်စုမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေ သယ်သွားတယ်လို့ ညောင်ဦးပကဖ ပြော မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ကျောက်ပြင်ကန်ကျေးရွာ နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက သယ်ယူပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ညောင်ဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတာဝန်ခံက ပြောပါတယ်။ ludunwayooမတ် 9, 2025
သတင်း Hip Hop ၂၅ နှစ်ပြည့်ပွဲကိုစီစဉ်သူများတွင် စရဖချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သားပါဝင် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သားထက်ရဲနောင်မှတဆင့် စစ်ကောင်စီက သွယ်ဝိုက်ပံ့ပိုးမှု၊ အကာကွယ်ပေးမှုတို့ဖြင့်ကျင်းပခဲ့ခြင်းဖြစ်ဟုတော်လှန်လူငယ်များပြော ludunwayooမတ် 9, 2025
သတင်း One Championship တွင် စိုးလင်းဦး ရုရှားဖိုက်တာကို အမှတ်ဖြင့်ရှုံး၊ Oneတွင် သုံးပွဲဆက် ရှုံးပွဲကြုံ One Championshipက ယနေ့ (မတ်လ ၈) နံနက်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် မွေထိုင်းပြိုင်ပွဲတွင် လက်ဝှေ့ကျော် စိုးလင်းဦးက ပြိုင်ဘက်ရုရှားဖိုက်တာကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ludunwayooမတ် 8, 2025
သတင်း မုန်းမြို့နယ်ရှိ ကျေးရွာများ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အရပ်သားသုံးဦးသေဆုံးဟု KNU အသိပေး ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ သုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ludunwayooမတ် 8, 2025