မေ/People’s Spring
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ ကျောက်ပြင်ကန်ကျေးရွာ နေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက သယ်ယူပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ညောင်ဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတာဝန်ခံက ပြောပါတယ်။
ကျောက်ပြင်ကန်ကျေးရွာက နေအိမ်တွေ မီးရှို့ခဲ့လို့ နေအိမ် ခုနစ်လုံးမီး လောင်ပျက်စီးသွားတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတာဝန်ခံက ပြောပါတယ်။ ကျောက်ပြင်ကန်ရွာဟာ ပုဂံမြို့ရဲ့ အရှေ့တောင်ဘက်မှာ ရှိပါတယ်။
မတ်လ ၄ရက်နေ့က ကျောက်ပြင်ကန်ကျေးရွာကို စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်တွေ ဝင်ရောက်လာပြီးတပ်စွဲ နေထိုင်ခဲ့သေးတယ်လို့ သိရပါတယ်။

Public Service Announcement
မတ်လ ၆ရက် မနက်၄နာရီလောက်မှာ ဆယ်ဘီးကားတွေနဲ့ နေအိမ်တွေကပစ္စည်း တွေကို သယ်ယူပြီး ရွာကိုမီးရှို့ကာ စစ်ကြောင်းပြန်ထွက်သွားတယ်လို့ သိရပါတယ်။
“လေးဘက်လေးတန် အကုန်လုံးကို ရှို့တဲ့ပုံပါပဲ။လူဦးပြီး ငြှိမ်းနိုင်လိုက်လို့တခြမ်းက ၅လုံးပဲပါသွားတယ်။နောက်တခြမ်းက တိုက်၂လုံးပါသွားတယ်။လူတွေက စစ်ဘေးရှောင် နေတဲ့ရှိပစ္စည်းလိုချင်တာ အကုန်သယ်သွားတယ်”လို့ ညောင်ဦးမြို့နယ်ပကဖတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ရက်ကလည်း စစ်ကောင်စီတပ်က ကျောက်ပြင်ကန်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ကျောက်ပြင်ကန်ကျေးရွာကို မကြာခဏစစ် ကြောင်းထိုးဝင် ရောက်ကာ ပြည်သူပိုင်အိမ်တွေကို ဖျက်ဆီးလေ့ရှိတယ်လို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။





















































