Hi, what are you looking for?
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)နဲ့ ပအိုဝ်းတော်လှန်ရေးအင်အားစုတွေ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။
ချင်းညီနောင် နဲ့ မဟာမိတ် တပ်တွေက ချင်းပြည်နယ် ရဲ့ ဒုတိယမြိူ့တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ် ၁ မြို့နယ်လုံး စစ်ကောင်စီကင်းစင်သွားပြီလို့ ဒီကနေ့ (ဧပြီ ၉ ရက်)မှာကြေညာလိုက်ပါတယ်။ ဒါကြောင့်နွေဦးတော်လှန်ရေးမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့မြို့ပေါင်း အနည်းဆုံး ၉၆ မြို့ ရှိလာပြီဖြစ်ပါတယ်။