Connect with us

Hi, what are you looking for?

သတင်း

၁၀၂၇ စစ်ဆင်ရေး စီမံချက်လှိုင်းလုံးများဖြင့်အတူ တော်လှန်ရေးအောင်ပွဲရောက်သည်အထိ ညီညွတ်မည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA)နှင့် တအာင်းတပ်(TNLA)တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

ဧပြီ ၁၀၊၂၀၂၅။ဟန်နွေ/People’s Spring

ညီနောင်မဟာမိတ်သုံးဖွဲ့သည် အခက်အခဲ ဖိအားပေါင်းစုံကို နည်းလမ်းမျိုးစုံဖြင့် စုစည်းညီညွတ်စွာ အတူတကွဖြတ်ကျော်ပြီး ၁၀၂၇ စစ်ဆင်ရေးစီမံချက်လှိုင်းလုံးများနှင့်အတူ တော်လှန်ရေးအောင်ပွဲ ရောက်ရှိသည်အထိ ခိုင်မာသောညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်ကြမည်ဟု ကိုးကန့်တပ်(MNDAA) နှင့် တအာင်းတပ်(TNLA) တို့က အာရက္ခတပ်တော်(AA)ထံပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။

ယနေ့ (ဧပြီ ၁၀ရက်)ကျရောက်သည့် AA ဖွဲ့စည်းတည်မှု (၁၆)နှစ်ပြည့်မြောက် နှစ်ပတ်လည်သို့ TNLAနှင့် MNDAAက ပူးတွဲသဝဏ်လွှာပေးပို့ရာတွင် ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းဖြစ်သည်။

အမျိုးသားလွတ်မြောက်ရေးအတွက် ခက်ခဲကြမ်းတမ်းသော တော်လှန်ရေးခရီးရှည်ကြီးတွင် ရက္ခိုင် လူမျိုးတို့အတွက် အာရက္ခအိမ်မက် (Arakan Dream)ကို မရပ်မနားကြိုးပမ်း အကောင်အထည်ဖော်ကြသည့် အာရက္ခအာဇာနည်ရဲဘော်များ၊ တပ်ဖွဲ့ဝင်များနှင့် နည်းလမ်းပေါင်းစုံ ပေးဆပ်ပါဝင်ကြသည့် ရက္ခိုင်လူမျိုးအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း MNDAAနှင့် TNLA၏ သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

အာရက္ခတို့၏ နိုင်ငံရေးရည်မှန်းချက်သည် ရက္ခိုင်သားတို့၏ လက်ထဲသို့ မကြာမီအချိန်တွင် မုချမသွေရောက်ရှိတော့မည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။

မြန်မာ့စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်ပြီး မြန်မာပြည်သူလူထုနှင့်ကိုက်ညီသော နိုင်ငံရေးစနစ် တစ်ခုကို ထူထောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တော်လှန်ရေးနယ်မြေဒေသအသီးသီးတွင် အာရက္ခတပ်တော်ကြီး၏ တပ်ဖွဲ့ဝင်များတည်ရှိကာ တော်လှန်ရေးအလုပ်များကို လက်တွေ့ကျကျ အရှိန်အဟုန်မြှင့် ဖော်ဆောင်နေသည်မှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် အားတက်ဂုဏ်ယူဖွယ် ဖြစ်ဟုလည်း ပါရှိသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ကမကထပြု၍ အခြားမဟာမိတ်တပ်ဖွဲ့များ၊ နွေဦး တော်လှန်ရေးအင်အားစုများနှင့်အတူ အကောင်အထည်ဖော်လိုက်သည့် ၁၀၂၇စစ်ဆင်ရေးသည် မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေး၏ အာဏာရှင်တိုက်ဖျက်ရေးအတွက် အကောင်းဆုံးအစပြု စစ်ဆင်ရေးဖြစ်လာခဲ့ပြီး တော်လှန်ပြည်သူများအားလုံး၏ ထောက်ခံမှုနှင့်အတူ တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည့် ခြေလှမ်း များပင်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

AA ဖွဲ့စည်းမှုနှစ်ပတ်လည်နေ့သို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY PDFကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ ULA/AA၏ အောင်မြင်မှုများသည် အာရက္ခဒေသအတွင်းရှိ ပြည်သူ ပြည်သားများအတွက်သာမက စစ်အာဏာရှင်နှင့်တကွ အာဏာရှင်စနစ်အမျိုးမျိုး အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် လျက်ရှိကြသော မြန်မာနိုင်ငံတဝှမ်းလုံးရှိ ရဟန်းရှင်လူပြည်သူများအတွက်ပါ ကြီးမားသောစိတ်ခွန်အားများ ဖြစ်ပေါ်စေပြီး အခြေအနေကောင်းများကိုပါ တဆက်တစပ်တည်း ဖန်တီးပေးလျက်ရှိဟု ဖော်ပြသည်။

မန္တလေးPDFအနေဖြင့် ULA/AA၏ တိကျပြတ်သားသော လေ့ကျင့်မှု၊ စနစ်ကျသောစုဖွဲ့မှုနှင့် ရဲဝံ့သောတိုက်စွမ်းရည်တို့ကို လေးစားအတုယူလျက်ရှိပြီး အာရက္ခတပ်တော်ကဲ့သို့ အောင်မြင်မှုများရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း အသိပေးသည်။

တိုင်းပြည်နှင့် ပြည်သူလူထုကို ဆိုးကျော့သံသရာအတွင်း ကြိမ်ဖန်များစွာ ကျရောက်စေခဲ့သော ဘုံရန်သူများကို မျက်မှောက် ခေတ်တွင်အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရာတွင် လက်တွဲညီညီနှင့် ဆက်လက်တိုက်ပွဲဝင်နိုင်မည်ဟုလည်း ယုံကြည်ကြောင်း မန္တလေး PDFက AAထံ သဝဏ်လွှာပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။