Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့မြို့ ၉၆ မြို့ရှိလာ

ချင်းညီ​နောင် နဲ့ မဟာမိတ် တပ်​​တွေက ချင်းပြည်နယ် ရဲ့ ဒုတိယမြိူ့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ် ၁ မြို့နယ်လုံး စစ်​ကောင်စီကင်းစင်သွားပြီလို့ ဒီက​နေ့ (ဧပြီ ၉ ရက်)မှာ​ကြေညာလိုက်ပါတယ်။ ဒါ​ကြောင့်နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၆ မြို့ ရှိလာပြီဖြစ်ပါတယ်။

People's Spring အင်ဖိုဂရပ်

People’s Spring

ချင်းညီ​နောင် နဲ့ မဟာမိတ် တပ်​​တွေက ချင်းပြည်နယ် ရဲ့ ဒုတိယမြိူ့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ် ၁ မြို့နယ်လုံး စစ်​ကောင်စီကင်းစင်သွားပြီလို့ ဒီက​နေ့ (ဧပြီ ၉ ရက်)မှာ​ကြေညာလိုက်ပါတယ်။ ဒါ​ကြောင့်နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၆ မြို့ ရှိလာပြီဖြစ်ပါတယ်။

ချင်းညီ​နောင်နဲ့ တော်လှန်​ရေးတပ်​တွေက၂၀၂၄ နိုဝင်ဘာ ၉ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ ​နောက်ဆုံးကျန်တဲ့ ခလရ (၂၆၈ )ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။လက်နက်ခဲယမ်း​တွေ အများအပြားရခဲ့ပါတယ်။​တော်လှန်​ရေးတပ်​တွေက ခလရ (၂၆၈ )ကို ဧပြီ ၇ ရက်ကတည်းကသိမ်းပိုက်နိုင်ခဲ့​ပေမယ့် နယ်​မြေရှင်းလင်းလက်စသတ်ပြီး ဧပြီ ၉ ရက်မှာချင်းညီ​နောင်က ​အောင်ပွဲသတင်းကို​ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီလပိုင်းအတွင်းမှာ စစ်​ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပြီး တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်​နေပါတယ်။ MNDAA နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ဖိအား​ ပေးမှုနဲ့ MNDAA က စစ်​ကောင်စီကို ဧပြီ တတိယပါတ်မှာမြို့​ပေါ်ရပ်ကွက်​​တွေကိုပြန်လွှဲ​​ပေးရမယ်ဆိုတဲ့ သတင်း​တွေလည်းကျယ်ပြန့်စွာထွက်​ပေါ်​နေပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာ KIAက ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့လက်ကျန်တပ်ရင်း​တွေ၊တပ်ရင်းဌာနချုပ်​တွေ၊စခန်း​တွေထိုးစစ်ဆင်​နေသလို ၊ ကရင်နီပူး​ပေါင်းတပ်ကလည်း ​ဘော်လခဲမြို့ကစစ်တပ်စခန်း​တွေ ၊တပ်ရင်း​တွေကို ထိုးစစ်ဆင်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ် နိုင်တဲ့ စစ်တပ်ဟာ မြန်မာ-အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေး အတွက် အရေးပါတဲ့ ရိဒ်ခေါ်ဒါကို ဆက်လက် ထိုးစစ်ဆင်နိုင်ဖွယ်ရှိကြောင်း ချင်းတော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်က ဆွန်းတလာရွာနဲ့ ခွန်းလီကျေးရွာတွေကို အာဏာသိမ်းစစ်ကောင်စီက မနေ့နဲ့ ဒီကနေ့ (ဇန်နဝါရီ ၂၉ရက်)မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။