Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစစ်တပ်က ဆင့်ပွားပေါက်ကွဲစေတဲ့ ကလပ်စတာဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့ ရွှေကူ KPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ် ၊၊ ။ (The...

သတင်း

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာနက ဦးဆောင်ကျင်းပတဲ့ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ဩဂုတ် ၂၇ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုမှာ ကျင်းပခဲ့ရာ KNU ဗဟို တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းနဲ့ KNLA တပ်မှူးတွေ၊ ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်းဒေသကြီး၊ ရေး-ထားဝယ်အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးမှာ ထားဝယ်ရေနက်ဆိပ်ကမ်း နယ်မြေလုံခြုံရေး အကြောင်းပြ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ဒီက​နေ့ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး လက်နက်တွေသိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ သမ္ဘူလတိုက်နယ်ရဲစခန်းမှ ဒုတပ်ကြပ်မျိုးကြီးသည် ပြည်သူများအား ဖမ်းဆီး၊ ရိုက်နှက်၊ ခြိမ်းခြောက်၊ ငွေညှစ်မှုများပြုလုပ်နေသဖြင့် စခန်းအနီး၌ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပဲခူးတိုင်း၊ ပြည်မြို့ရှိ အကျဉ်းထောင်အတွင်း ယနေ့(ဖေဖော်ဝါရီ ၂၃ရက်) နံနက် ၈နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီ နိုင်ငံ​ရေးအကျဉ်းသားအချို့ဒဏ်ရာရကြောင်း မြို့ခံများထံမှ သတင်းရရှိသည်။

သတင်း

မန္တလေးနဲ့ စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၂၂)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်ရှိ ပညာရပ်စုံတက္ကသိုလ်(KSCU)၏ တတိယအကြိမ် ဘွဲနှင်းသဘင်အခမ်း အနားကို ယနေ့ ဖေဖော်ဝါရီ ၂၂ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာမြို့၌ ကျင်းပခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ချင်းပြည်နယ်၊မတူပီမြို့နယ်တွင် ယနေ့ (​ဖေ​ဖော်ဝါရီ ၂၂ရက်​နေ့ ) ညနေ ၅နာရီဝန်းကျင်က ရစ်ခ်ျတာစကေး ၅ဒဿမ ၃ အဆင့်ငလျင် လှုပ်ခတ်သွားခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်အတွက် တပ်သားသစ်များ ရရှိရေး ၎င်း၏လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ PNOက ပအိုဝ်းဒေသခံများအား စစ်မှုထမ်းရန် အတင်းအကြပ် အမိန့်ပေးခေါ်ဆောင်လျက်ရှိကြောင်း အဆိုပါဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ကလေးတစ်ဦးအပါအ၀င် ဒေသခံသုံးဦး‌ သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း

စစ်ရေးပိုမိုတင်းမာလာပြီး စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင် စစ်ကြောင်းလှုပ်ရှားမှုများလာသည့် ပြည်ခရိုင် အတွင်း၌ ဒေသခံများအနေဖြင့် ဗုံးခိုကျင်းတူးထားကြရန်အပါအဝင် အချက် ၈ချက်ပါ သတိပေးချက်ကို ပြည်ခရိုင်တပ်ရင်း(၃၆၀၂)က ထုတ်ပြန်သည်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးတက္ကသိုလ်ဘေးရှိ ကမ္ဘောဇဘဏ်ခွဲ ကို ဓားမြတိုက်သွားသူကို ဒီနေ့မှာ ဖမ်းမိခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက ဖော်ပြလာပါတယ်။

Facebook