Connect with us

Hi, what are you looking for?

သတင်း

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန် ကူညီပံ့ပိုးမှုများ ထပ်မံတိုးမြှင့်

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက အကူအညီများ ထပ်မံတိုးမြှင့်ပေးအပ်လိုက်ကြောင်း သိရသည်။

ဧပြီ ၅၊ ၂၀၂၅။ အီယိုရီ/People’s Spring

မြန်မာငလျင်ဘေးအတွက် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုက အကူအညီများ ထပ်မံတိုးမြှင့်ပေးအပ်လိုက်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်ထံ စီးဆင်းခြင်းလုံးဝမရှိဟု ကြေညာထားသော ဗြိတိန်က လက်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် စတာလင်ပေါင် ၁၀ သန်း ထပ်တိုးခြင်းဖြင့် မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အကူအညီများမြှင့်တင့်လိုက်ကြောင်း ယနေ့ ကြေညာသည်။

“ကျွန်မတို့အခုလို အရှိန်အဟုန်မြှင့်ပြီး ကူညီတာဟာ မှန်ကန်တဲ့လုပ်ရပ်တစ်ခုပါ။ ယူကေအစိုးရရဲ့ လျှင်မြန်တဲ့တုံ့ပြန်ချက်များကြောင့် အသက်ကယ်ဆယ်ရေးထောက်ပံ့မှုများဟာ ငလျင်ဒဏ်အဆိုးရွားဆုံးခံရသူများဆီသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အခု ထပ်တိုးရန်ပုံငွေကြောင့် မြေပြင်မှာရှိနေတဲ့ ကျွန်မတို့ရဲ့မိတ်ဖက်တွေအနေနဲ့ ငလျင်ဘေးဒဏ်သင့် ပြည်သူများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကူညီနိုင်မှာဖြစ်ပါတယ်”ဟု ဗြိတိန်၏ အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာဝန်ကြီး Catherine West က ပြောသည်။

Public Service Announcement

Public Service Announcement

ငလျင်ဘေးအတွက် ဗြိတိန်အစိုးရ၏ အထောက်အပံ့သည် မတ်လ ၂၉ ရက်က စတာလင်ပေါင် ၁၀ သန်း၊ အရေးပေါ်ဘေးအန္တရာယ်များဆိုင်ရာ ကော်မတီ (Disasters Emergency Committee – DEC) မှတဆင့် ဗြိတိန်နိုင်ငံသားများလှူဒါန်းသည့်ရန်ပုံငွေသို့ စတာလင်ပေါင် ၅ သန်းနှင့် ယခုထပ်တိုးရန်ပုံငွေအပါအဝင် စုစုပေါင်း စတာလင်ပေါင် ၂၅ သန်းရှိပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုကလည်း ၎င်းတို့၏ ဘေးအန္တရယ်ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ မြန်မာနိုင်ငံတွင်းမှ ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းများကို ပံ့ပိုးကူညီရန် အမေရိကန်ဒေါ်လာ ၇သန်းခန့်ကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမည်ဟု ယမန်နေ့တွင် ကြေညာသည်။

မတ်လ ၃၁ရက်တွင် ကြေညာခဲ့သည့် ‌အမေရိကန်ဒေါ်လာ ၂သန်း နှင့် ယခုထပ်လောင်းပေးအပ်မည့် ၇ သန်းခန့်၊ စုစုပေါင်း ၉သန်းခန့် အထောက်အပံ့များမှတဆင့် ငလျင်ဘေးဒဏ်သင့်အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် သောက်သုံးရေတို့ကို ပေးအပ်သွားမည်ဟု ထုတ်ပြန်ထားသည်။

သို့ရာတွင် အာဏာသိမ်းစစ်ကောင်စီက အမေရိကန်အစိုးရ၏ အကူအညီပေးအပ်မှုများတွင် ဟန့်တားမှုများရှိ၍ ကြန့်ကြာမှုများရှိနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ယမန်နေ့တွင် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။