Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် မိုးသက်လေပြင်းကျစဉ် လူတစ်စုက ဓားပြတိုက်ရန်ကြိုးပမ်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ ယ‌နေ့(ဧပြီ ၅ရက်)ည ၈နာရီကျော်က မိုးသက်လေပြင်းကျနေစဉ် လူတစ်စုက နေအိမ်တစ်အိမ်အား ဓားပြတိုက်ရန်ကြိုးပမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ည မန္တလေးမြို့တွင် မိုးသည်းထန်စွာရွာသွန်းနေစဉ်။ ဓာတ်ပုံ - Thiha Htun Zaw

‌ဧပြီ ၅၊ ၂၀၂၅။ဇော်ရမ်း/People’s Spring

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၌ ယ‌နေ့(ဧပြီ ၅ရက်)ည ၈နာရီကျော်က မိုးသက်လေပြင်းကျနေစဉ် လူတစ်စုက နေအိမ်တစ်အိမ်အား ဓားပြတိုက်ရန်ကြိုးပမ်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်၊ ၄၁၊၄၉လမ်းတွင် အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” မိုးသံလေသံတွေဆူညံနေချိန်မှာ အိမ်ထဲကိုဝင်ပြီး ဓားပြတိုက်ဖို့လုပ်တာ။ အိမ်ရှင်ကအော်တော့ထွက်ပြေးတာ။ လိုက်ကြပေမယ့် မမိဘူး။ ဒီရက်လူစိမ်းတွေအများကြီးဆိုတော့ ရောကုန်တာဖြစ်မယ်”ဟု အဆိုပါ ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တွင် ယနေ့ည မိုးသက်လေပြင်းကျခဲ့ပြီး လမ်းပလပ်ဖောင်းများ၌ ညဘက်အိပ်စက်ကြမည့် ငလျင်ဒဏ်သင့်ပြည်သူများမှာ ဝရုန်းသုန်းကားဖြစ်ခဲ့သည်။ ထိုအချိန်တွင် လူစိမ်းတချို့က ဓားပြတိုက်ရန်ကြိုးစားခြင်းဟု သတင်းရရှိသည်။

” ၅ယောက်လောက်ပါမယ်။ ဝိုင်းလိုက်တော့ ကိုယ်ယောင်ဖျောက် ပြေးကြတာ။ သဘာဝဘေးကြောက်ရ၊ ဓားပြဘေးကြောက်ရနဲ့ အခြေအနေဆိုးတယ်”ဟု မဟာအောင်မြေမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့တွင် နေအိမ်အဆောက်အအုံများ အပျက်အစီးများခဲ့ပြီး ဒေသခံအများအပြားမှာ လမ်းဘေးနေရာများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

ယနေ့ည ၈နာရီခန့်တွင် မိုးသက်‌လေပြင်းကျခဲ့၍ ငလျင်ဘေးသင့်သူများ အခက်အခဲကြုံတွေ့ခဲ့သည်။ သို့သော် ည ၈နာရီ ၄၀မိနစ်ခန့်တွင် မိုးတိတ်သွားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားပြီး ဖြိုမချရသေးသည့် နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ခိုးယူခံရမှုများရှိနေသလို အုပ်စုဖွဲ့လုယက်မည့် အန္တရာယ်ကိုလည်း စိုးရိမ်နေရကြောင်း မြို့ခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။