Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြီးလှုပ်ပြီး ၈ ရက်အတွင်းစစ်​ကောင်စီကအနည်းဆုံး​ နေရာ​​ပေါင်း ၂၇ နေရာကိုဗုံးကြဲ

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၄ ရက်​နေ့အထိ့ ​၈ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကိုဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။ ဒီအ​ရေအတွက်ဟာ People’s Spring အချက်အလက်ရရှိတဲ့ အ​ရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါ​သေးတဲ့​ဗုံးကြဲခံရမှု​တွေ ရှိနိုင်​သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ်။

ဧပြီ-၂၊၂၀၂၅။​နေ့သစ်/People’s Spring

မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးပျက်စီးမှုအများဆုံး​မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး​နောက်ပိုင်းစစ်​ကောင်စီက မတ် ၂၈ ရက်မှ ပြီ ၄ ရက်​နေ့အထိ ​၈ ရက်အတွင်းနိုင်ငံတစ်ဝန်း ​နေရာ​ပေါင်း အနည်းဆုံး ၂၄ ​နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီအ​ရေအတွက်ဟာ People’s Spring အချက်အလက်ရရှိတဲ့ အ​ရေအတွက်သာဖြစ်ပြီး ဒီစာရင်းထဲမပါ​သေးတဲ့​ဗုံးကြဲခံရမှု​တွေ ရှိနိုင်​သေးလို့မြေပြင်မှာအခုထက်ပိုများနိုင်ပါတယ်။

စစ်အုပ်စုကငလျင်သင့်ဒေသ ၆ ခုကို အ​ရေး​ပေါ်အ​ခြေအ​နေလို့​ကြေညာခဲ့​ပေမယ့် ငလျင်ကြီးလှုပ်ပြီး နာရီပိုင်းအတွင်းမှာပဲ ငလျင်သင့်​ဒေသ​တွေကိုပါမ​ရှောင်ဗုံးကြဲခဲ့တာပါ။

ငလျင်ကြီးလှုပ်ပြီး စစ်တပ်ဗုံးကြဲတဲ့​ဒေသ​တွေထဲမှာ စစ်ကိုင်း ၊ရှမ်းပြည်နယ် ၊ မ​ကွေး ၊ကရင်နီပြည်၊ကရင် ၊ရခိုင် ၊ချင်း ၊ကချင် ၊ပခူး ၊မန္တ​လေးတိုင်းစတဲ့​ဒေသ​​တွေအစုံပါဝင်ပါတယ် ။အဆိုပါ​လေ​ကြောင်းတိုက်ခိုက်မှု​တွေ​ကြောင့်​သေဆုံးသူ ၅၀ ​ကျော်ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီက ဧပြီ ၂ ရက်ညမှာ ရက်​ပေါင်း ၂၀ ကြာအပစ်ရပ်တယ်လို့​ကြေညာခဲ့​ပေမယ့် ဧပြီ ၃ ရက်​နေ့မှာပဲ ကချင်ပြည်နယ် က ဝိုင်း​မော် ၊စစ်ကိုင်းတိုင်က အင်း​တော် ၊ကနီ ၊ဟုမ္မလင်း ၊ မန္တ​လေးတိုင်းက သပိတ်ကျင်းမြို့နယ်​တွေကို ​​လေ​ကြောင်းက​နေ ဗုံးကြဲခဲ့ပါတယ် ။​လေ​ကြောင်းတိုက်ခိုက်မှု​တွေမှာ ပါရာ​​မော်တာလည်းပါဝင်ပါတယ်။

စစ်​ကောင်စီက အပစ်ရပ်​ကြေညာပြီး နာရီပိုင်းအ
တွင်းမှာပဲဧပြီ ၃ ရက် နံနက် ၈ နာရီခန့်က၀ိုင်းမော်
မြို့နယ် မှာ ထိုးစစ်ဆင်လာတဲ့အတွက် KIAနဲ့တိုက်
ပွဲဖြစ်ပွားခဲ့ပါတယ် ။ ဒါအပြင် ဧပြီ ၃ရက် နံနက် ၆နာရီခန့်မှာပဲညောင်ဦးမြို့နယ်ငါသရောက်ရဲစခန်း
က​နေ တင့်ကား ၂စီးနဲ့ စစ်ကြောင်းထိုးလာပြီး မြေသန့်တောင်၊ မအူပင်၊ ကြအိုကျေးရွာ​တွေက ​ဒေသ
ခံပြည်သူ​တွေရဲ့အိမ်​တွေကို ပွိုင့်ဖိုက် စက်သေနတ်အပါအဝင် လက်နက်မျိုးစုံဖြင့် ပစ်ခတ်အကြမ်း
ဖက်လို့ ​ဒေသခံ​ပြည်သူ​တွေ စစ်ရှောင်နေကြရပါတယ် ။

အလားတူရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့
နယ်မှာလည်း ဧပြီ (၃)ရက် နေ့လယ် ၁၂နာရီ ဝန်းကျင်မှာစစ်တပ်က ကား (၇)စီးနဲ့ လူအင်အားဖြည့်တင်းပြီး အင်တောမှ ကျောက်ဂူ၊ တောင်ချေ၊ အမတ (၉၀၂) ဘက်ကို စစ်ကူအင်အားဖြည့်တင်းခဲ့ပါ​တယ် ။ဧပြီ ၄ ရက်​နေ့မှာလည်း ရက် ၂၀ အပစ်ရပ်​ကြေညာထားတဲ့စစ်တပ်ကဗုံးကြဲတာ၊​လက်နက်
ကြီးနဲ့ပစ်ခတ်တာ ၊စစ်​ကြောင်းထိုးတာ​တွေဆက်
တိုက်ပြုလုပ်​နေပါတယ် ။

အလားတူဧပြီ ၄ရက် နေ့လည် ၁၂နာရီ ကရင်နီပြည်၊ ပီကင်းကောခူရွာကို စစ်ကောင်စီလက်နက်
ကြီး ပစ်ခတ်၍ အရပ်သား ၁ဦး သေဆုံးခဲ့ပါတယ်။
ဒါအပြင် နောင်ချိုမြို့နယ်မှာ ဧပြီ ၄ရက် နံနက် ၉နာရီ ၅၅တွင် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA တို့မှာ ​​တောင်းခမ်း အမတ ၉၀၂ အနီး တိုက်ပွဲဖြစ်ခဲ့ပါတယ် ။

ငလျင်လှုပ်ပြီး​နောက်ပိုင်း စစ်​ကောင်စီကဗုံးကြဲတိုက်ခိုက်​တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၊စစ်​ကြောင်းထိုးတာစတဲ့ဖြစ်ရပ်​တွေထဲမှာ People’s Spring အင်ဖိုဂရပ်​တွေထဲမှာ မပါ​သေးတဲ့ ဖြစ်ရပ်​တွေရှိရင်လည်း သတင်း​ပေးပို့နိုင်ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။