Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံ ထိစပ်ရာ နယ်စပ်မှာ ရုတ်တရက် ရေကြီးပြီး လူရာနဲ့ချီ သေဆုံး၊ ထောင်နဲ့ချီ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်ဟာ ရေခဲမြစ်တစ်ခု ကျိုးပျက်မှုကြောင့် ဖြစ်တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လေတပ်ကို အဆင့်မြှင့်မယ့် စီမံကိန်းအတွက် တရုတ်လုပ် တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဗြိတိန်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားမှု အဖွဲ့အစည်း တစ်ခုကို အမေရိကန်က အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ တိဘက်ကုန်းမြင့်နဲ့ နီပေါနိုင်ငံတို့ ထိစပ်ရာ နယ်စပ်ဒေသနားက ရုတ်တရက် ရေကြီးမှုမှာ သေဆုံးသူ ၁၆၀ ထက်မနည်း ရှိလာသလို နောက်ထပ် ရာနဲ့ချီ ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်တန်း အစည်းအဝေး ကာလအတွင်း မလေးရှား အမျိုးသမီး ကိုယ်ရံတော်တွေရဲ့ ပေါ့ပါးဖျတ်လတ်မှုကို လူမှုကွန်ရက် သုံးစွဲသူတွေက ချီးကျူးနေကြပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အသစ်စက်စက် ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကိုင်ချီနဲ့အတူ နှစ်နိုင်ငံ သတ္တုပူးပေါင်း တူးဖော်ရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

အငြင်းပွားမှု၊ ဝေဖန်မှုတွေ ရှိနေတဲ့တိုင် ကမ္ဘာ့အသက်အကြီးဆုံး ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်ဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ အနိုင်ရသွားပြီး အသက် ၁၀၀ နီးပါးထိ နိုင်ငံကို ဆက်လက် အုပ်စိုးဖို့ စီစဉ်နေပါပြီ။

နိုင်ငံတကာ

ဂျမေကာ နိုင်ငံဆီ ဦးတည်ရွေ့လျားနေတဲ့ ဟာရီကိန်း မယ်လစ်ဆာဟာ အခုနှစ်ရဲ့ အင်အား အပြင်းထန်ဆုံး မုန်တိုင်း ဖြစ်လာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

တတိယ သမ္မတသက်တမ်းကို ဆက်လက် တာဝန်ယူဖို့ ဖြစ်နိုင်ခြေကို ဒေါ်နယ်လ်ထရမ့်က မငြင်းခဲ့ပါဘူး။ ဒါပေမဲ့ သူဟာ ဒုတိယ သမ္မတ ရာထူးကို လက်ခံပြီး အဲဒီကမှတဆင့် သမ္မတအဖြစ် ပြောင်းလဲတာဝန်ယူမယ့် နည်းလမ်းကိုတော့ သုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ ကမ္ဘာကျော် လုဗ်ပြတိုက်ထဲက နန်းစဉ် ရတနာတွေ ဖောက်ထွင်း ခိုးယူ ခံရမှုနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၂ ဦးကို စတင် ဖမ်းဆီးလိုက်ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်ဝမ်ကျွန်းနားမှာ တရုတ်ရဲ့ ဗုံးကြဲလေယာဉ်တွေ အုပ်ဖွဲ့ပျံသန်းခဲ့ကြောင်း တရုတ် အစိုးရ မီဒီယာက အတည်ပြု ဖော်ပြခဲ့ပါတယ်။ ပဋိပက္ခ အခြေအနေ တစ်ခု ကြုံလာရင် တုံ့ပြန်ကိုင်တွယ်ဖို့ ရည်ရွယ်ထားတဲ့ စစ်ရေး လေ့ကျင့်မှု တစ်ခုကို H-6K ဗုံးကြဲလေယာဉ်တွေက လုပ်ဆောင်ခဲ့တာလို့ အောက်တိုဘာ ၂၆ ရက်နေ့မှာ...

နိုင်ငံတကာ

နျူကလီးယား စွမ်းအင်နဲ့ ပျံသန်းတဲ့ ခရုစ်ဒုံးကျည် အမျိုးအစားသစ်ကို အောင်အောင်မြင်မြင် စမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း ရုရှားရဲ့ ထိပ်တန်း ဗိုလ်ချုပ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဦးတည်လာနေတာကြောင့် အိန္ဒိယနိုင်ငံမှာ လူပေါင်း ၅၀၀၀၀ ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးဖို့ စီစဉ်နေပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသထဲမှာ ပျောက်ဆုံးနေဆဲ အစ္စရေး ဓားစာခံ ရုပ်အလောင်းတွေကို အီဂျစ်နိုင်ငံနဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) ပူးပေါင်းပြီး စတင် ရှာဖွေနေကြောင်း သိရပါတယ်။

Facebook