နိုင်ငံတကာ ဂျပန်မှာ မုန်တိုင်း နောက်ဆက်တွဲ မြေပြိုမှု၊ ရေကြီးမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထား မုန်တိုင်း ဖြတ်သန်းသွားပေမယ့် နောက်ထပ် ၂၄ နာရီအတွင်း ဂျပန်တောင်ပိုင်း ဒေသတွေမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းနိုင်သလို ရေကြီးတာတွေ၊ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာနက သတိပေးထားပါတယ်။ LuduNwayOoစက်တင်ဘာ 20, 2022
နိုင်ငံတကာ နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဘိုင်ဒန် ဝန်ခံ ပြိုင်ဘက် ရီပတ်ဘလစ်ကန် ပါတီမှာတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ပြီး သမ္မတရာထူး စွန့်လွှတ်ခဲ့ရတဲ့ ဒေါ်နယ်လ်ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲမှာ ရလဒ် ပြန်ကောင်းဖို့ ပီပီပြင်ပြင် အားထုတ် ကြိုးစားမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ LuduNwayOoစက်တင်ဘာ 19, 2022
နိုင်ငံတကာ ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန် နယ်စပ် ပဋိပက္ခကြောင့် သေဆုံးသူ ၉၀ ကျော်ထိ များပြားလာ မနက်အစောပိုင်း အခြေအနေတွေအရ နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်တော့ဘဲ ပြန်ငြိမ်သက်နေပေမယ့် ရာနှုန်းပြည့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေက ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 19, 2022
နိုင်ငံတကာ မြို့ရွာတွေထဲ ကားနဲ့ပတ်ပြီး လူသစ်လိုက်စုနေရတဲ့ ရုရှားစစ်တပ် မြို့ရွာတွေထဲ လှည့်လည်ပြီး စည်းရုံးရေး ဆင်းနေတဲ့ ရုရှားရဲ့ အစီအမံက အထိုက်အလျောက်တော့ အလုပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စိတ်ဝင်တစား စုံစမ်းမေးမြန်းသူ အနည်းအကျဉ်းလောက်တော့ နေ့စဉ်လိုလို ရှိနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ LuduNwayOoစက်တင်ဘာ 19, 2022
နိုင်ငံတကာ အင်အားပြင်း တိုင်ဖွန်း ဝင်ရောက်မယ့် အခြေအနေအတွက် ဂျပန် ကြိုတင်ပြင်ဆင်နေ နန်မက်ဒိုလ် တိုက်ခတ်ချိန်မှာ ကျူရှူးက ကြံ့ခိုင်မှု မကောင်းတဲ့ အိမ်တွေ ပြိုကျနိုင်ကြောင်း မိုးလေဝသ အေဂျင်စီက သတိပေးထားပြီး မုန်တိုင်း ဖြတ်သန်းနေချိန်တွေအတွင်း ထုထည်ကြီးမား ခိုင်ခံ့တဲ့ အဆောက်အအုံတွေမှာ သွားရောက် ခိုလှုံကြဖို့လည်း အကြံပြုထားပါတယ်။ LuduNwayOoစက်တင်ဘာ 18, 2022
နိုင်ငံတကာ ၄၈ ထပ်တိုက်ကို လက်ဗလာနဲ့ တွယ်တက်ပြခဲ့ပြန်တဲ့ ပြင်သစ် လူစွန့်စား ၄၈ ထပ်မြင့်တဲ့ TotalEnergies မျှော်စင်ဆိုတာလည်း ရောဘတ် ခဏခဏ တွယ်တက်လို့ သိပ်မစိမ်းလှတော့တဲ့ နေရာမျိုး ဖြစ်နေပါပြီ။ ဒီတစ်ကြိမ်မှာတော့ သူဟာ မျှော်စင်ထိပ်ထိရောက်ဖို့ မိနစ် ၆၀ သာ အချိန်ယူခဲ့ရပါတယ်။ LuduNwayOoစက်တင်ဘာ 18, 2022
နိုင်ငံတကာ မြောက်ကိုရီးယားသာ နျူကလီးယားလက်နက် သုံးခဲ့ရင် အပြင်းထန်ဆုံး တုံ့ပြန်မယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား သတိပေး ပြင်ပ ခြိမ်းခြောက်မှုတွေကို အထိရောက်ဆုံး ကာကွယ် တုံ့ပြန်ဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ မဟာမိတ် ဆက်ဆံရေးကိုလည်း ပိုမိုခိုင်မာအောင် တည်ဆောက်သွားမယ်လို့ အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲမှု ဦးစီးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။ LuduNwayOoစက်တင်ဘာ 17, 2022
နိုင်ငံတကာ ယူကရိန်း တန်ပြန်ထိုးစစ် အားကောင်းလာလည်း ရုရှားရဲ့ အစီအမံတွေ မထိခိုက်ဘူးလို့ ပူတင်ပြော ပူတင်က ယူကရိန်းမှာ ဖြန့်ကျက်ထားတာဟာ ရုရှားစစ်တပ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုလောက်သာ ရှိသေးပြီး ယူကရိန်းကသာ ရှေ့ဆက်ပြီး ထိုးစစ်အရှိန် မြှင့်နေဦးမယ်ဆိုရင် ရုရှားကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ့်မယ်လို့ ခြိမ်းခြောက်သွားပါတယ်။ LuduNwayOoစက်တင်ဘာ 17, 2022
နိုင်ငံတကာ ပူတင် နုတ်ထွက်ပေးဖို့ လက်မှတ်ထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို ရုရှားအစိုးရ စတင်အရေးယူ လက်မှတ်ရေးထိုး တောင်းဆိုခဲ့တဲ့ အရာရှိတွေကို အစောပိုင်းမှာ ကတည်းက ရုရှားရဲတပ်ဖွဲ့က ခေါ်ယူမေးမြန်း စုံစမ်းခဲ့ပါသေးတယ်။ သူတို့ဟာ ပူတင်နုတ်ထွက်ပေးဖို့ စုပေါင်း လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုစာကို ဒူးမား လွှတ်တော်ဆီ တင်သွင်းဖို့ ကြိုးစားခဲ့တာပါ။ LuduNwayOoစက်တင်ဘာ 15, 2022
နိုင်ငံတကာ နျူလက်နက် သုံးရင် ကိုယ့်သေကျင်း ကိုယ်တူးသလို ဖြစ်လိမ့်မယ်လို့ မြောက်ကိုရီးယားကို တောင်ကိုရီးယား သတိပေး ဥပဒေသစ်ကို အတည်ပြု ကြေညာချိန်တုန်းက မူဝါဒရေးရာ မိန့်ခွန်းထဲမှာ ကင်မ်က မြောက်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေကို ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အခိုင်အမာ ကြွေးကြော်သွားခဲ့ပါတယ်။ LuduNwayOoစက်တင်ဘာ 14, 2022